Cele News

သမီးလေး ပိုး၀င်လို့ ခွဲစိတ်လိုက်ရတဲ့အကြောင်း ၀မ်းနည်းစွာ ရင်ဖွင့်ပြောပြလာတဲ့ အဆိုတော်ချမ်းချမ်း

သမီးလေးပိုး၀င်လို့ခွဲစိတ်လိုက်ရတဲ့အကြောင်း၀မ်းနည်းစွာ ရင်ဖွင့်ပြောပြလာတဲ့အဆိုတော်ချမ်းချမ်း

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်အဆိုတော်ချမ်းချမ်းကသမီးလေးပိုး၀င်လို့ခွဲစိတ်လိုက်ရတဲ့အကြောင်းကိုအခုလို၀မ်းနည်းစွာရင်ဖွင့်ပြောပြလာခဲ့ပါတယ်နော်။အဆိုတော်ချမ်းချမ်းကတော်လှန်ရေးမှာအကြောင်းကြောင်းကြောင့်မိသားစုနဲ့ခွဲခွါနေရတဲ့ ညီအစ်ကိုမောင်နှမတွေကို

ကိုယ်ချင်းစာမိတယ်ဉဒီနေ့အလိုလိုငိုကြွေးမိတဲ့နေ့၊သမီးကြီးလေးနှုတ်ခမ်းကအရေကြည်ဘုလေးပိုးဝင်လို့ခွဲစိတ်လိုက်ရတယ်၊အခုသမီးလေးအနာသက်သာလာပီ၊မနက်ကခွဲတာအခုအနာကညနေကျချပ်ပြီးသက်သာလာပြီ။

အဖေနဲ့အမေကိုကျေးဇူးတင်ပါတယ်၊ကိုယ်မရှိတုန်းပြန်လာလို့မရပေမဲ့လိုအပ်သမျှကိုဒီကနေပြောသမျှအကုန်လိုက်လုပ်ပေးတာကျေးဇူးပါ၊အနာကျက်ဖို့တပတ်လောက်အိမ်ထဲနေရမယ်ပိုးမဝင်အောင်နေရမယ်ဆိုတော့မွေးနေ့ကိတ်ရော၊လက်ဆောင်တွေရော၊onlineကနေအကုန်မှာပီးသမီးဘေးအတွက် surpriseလုပ်ပေးဖို့စီစဉ်ထားတယ်။

သမီးလေးအတွက်ကျမအမေကသူလိုချင်တဲ့tabletလေးဝယ်ပေးတယ်၊ကျမကကိတ်နဲ့တခြားလက်ဆောင်တွေ၊ကိတ်တွေ၊သူ့ဖေဖေကသူလိုချင်တာကိုလက်ဆောင်ပေးမယ်၊တခြားSurpriseGift တွေလဲအသိမိတ်ဆွေတွေကသမီးလေးအတွက်စီစဉ်ထားကြသေးတယ်။

သမီးရေ၊ဒီလ၂၃ရက်နေ့ကသမီးလေးမွေးနေ့နော်၊အမေတို့ပြန်ဆုံရမှာမကြာတော့ဘူးနော်၊သမီးအားတင်းထားအမေလဲအားတင်းထားတယ်၊အစစအရာရာဘေးအန္တာယ်ကင်းကြလို့ဘုရားကိုဦးစံာကျေးဇူးတင်ပါတယ်၊ပီးတော့ကျမအဖေနဲ့အမေရယ်မိတ်ဆွေသူငယ်ချင်းတွေကသမီးလေးကိုဝိုင်းဝန်းစောင့်ရှောက်ပေးလို့ကျေးဇူးပါ။

ပြန်လာလို့မရသေးကေမဲ့တရက်မပျက်သမီးအတွက်ကြိုးစားပြီးရှင်သန်နေပါတယ်သမီးရေဆိုပြီးသူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

Credit