Cele News

ရှေ့တန်းကို ပထမဦးဆုံးထွက်ရမယ့် သူရဲ့ခံစားချက်တွေပြောပြလာတဲ့ MRTV သတင်းကြော်ငြာသူ ဦးကျော်သက်လင်း

အန္တာရယ်များတဲ့ရှေ့တန်းကိုပထမဦးဆုံးထွက်ရမယ့် သူရဲ့ခံစားချက်တွေပြောပြလာတဲ့ MRTVသတင်းကြော်ငြာသူဦးကျော်သက်လင်း

ပရိသတ်ကြီးရေမြန်မာ့အသံရဲ့သတင်းကြော်ငြာသူတစ်ယောက်ဖြစ်တဲ့ဦးကျော်သက်လင်းကတော့အစောဆုံး CDM လှုပ်ရှားမှာပါဝင်ခဲ့ပြီးပြည်သူဘက်ကရပ်တည်ခဲ့တာဖြစ်ပါတယ်။လင်ရှိမှာဦးကျော်သက်လင်းကလွတ်မြောက်နယ်မြေမှာရောက်နေပြီးသူရဲ့ပထမဦးဆုံးရှေ့တန်းထွက်ရမယ့် ခံစားချက်ကိုအခုလိုပြောပြလာပါတယ်။

မနက်ဖန်တကယ်ဆိုအန္တရယ်မများတဲ့ရှေ့တန်း
ငါအစမ်းလိုက်ခဲ့ဖို့တောင်တွေးပြီးအိပ်မပျော်
ကြောက်လို့မဟုတ်၅၀နီးမှရတဲ့အတွေ့အကြုံတစ်ခုမို့။တပတ်စာ ဆန် ဆီ ဆားဆေးအဝတ်တွေတထွေးနဲ့အိပ်စရာစောင်တစ်ထည်ပုခက်တစ်လုံးသေနတ်ကျည်အစုံရေဗူးနဲ့အသက်ကြီးကြီးလူတစ်ဦးထွက်ရမယ့်လမ်း အရမ်းမဝေးဘူးဆိုပေမယ့်တအားလည်းနီးမနေတော့သက်ပြင်းမောလေးတော့ခိုးချ။

နှုတ်ဆက်စရာမိသားစုကင်းတောတွင်းမှာနင်းမယ့်ခြေလှမ်းတွေဟာငါ့အောင်မြေပါပဲတကယ်တွေးတတ်တဲ့အခါကျောပိုးအိတ်ထက်ရင်ပိုးအိတ်ကအပုံကြီးပိုလေးသလားငါ့အတွေးများပါပဲဆိုပြီးသူရဲ့လူမှုကွန်ရက်မှာပြောပြထားတာဖြစ်ပါတယ်။

Zawgyi Version




Credit