ချစ်သူအသစ်လေးနဲ့ တရား၀င်လမ်းခွဲလိုက်ကြောင်း ၀မ်းနည်းစွာ ရင်ဖွင့်လာတဲ့သရုပ်ဆောင်ဥက္ကာမင်းမောင်
ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်သရုပ်ဆောင်ဥက္ကာမင်းမောင်ကချစ်သူအသစ်လေး တရား၀င်လမ်းခွဲလိုက်ကြောင်းအခုလို၀မ်းနည်းစွာရင်ဖွင့်ပြောပြလာခဲ့ပါတယ်နော်။သရုပ်ဆောင်ဥက္ကာမင်းမောင်က၁၆၆ရက်ကြာပဲတူတူရှိခဲ့တဲ့ကျွန်တော်တို့ရဲ့ဇာတ်လမ်းလေးတပုဒ်ဒီနေ့ပဲပြီးဆုံး၊ဘယ်သူ့ဘက်ကမှအမှားမရှိပါဘူး၊ရေရှည် မဖြစ်နိုင်မှန်းအစောကြီးထဲကသိနေပေမယ့်လဲမျှော်လင့်ချက်လေးသဲ့သဲ့နဲ့ကြိုးစားခဲ့ပါတယ်၊အရမ်းသည်းခံခဲ့တယ်။
သူငယ်ချင်းတွေကဆက်မတွေ့နဲ့တော့ပြောတာကို ခေါင်းမာပြီးရှေ့ဆက်ခဲ့တယ်၊လွန်ခဲ့တဲ့၂လကျော်ကစပြီးစိတ်ဆင်းရဲလိုက်၊ပျော်လိုက်၊သူ့ရဲ့ဂရုစိုက်မှူမှာ မျောပါသွားလိုက်၊ငိုရလိုက်၊အိပ်မရတဲ့ရက်တွေနဲ့မကြာခင်နောက်ဆုံးနိဂုံးချိန်ရောက်လာတော့မှာ ကြိုတင်သိနေခဲ့တယ်။ကိုယ့်အသဲကိုကိုယ်တိုင်ခွဲပြီးအသဲမာအောင်လုပ်ယူခဲ့ရတာ၊တကယ်တမ်းလမ်းခွဲတော့အသဲကွဲတဲ့ဒါဏ်ကိုမခံစားရလို့အကျေနပ်ဆုံးပဲ၊စိတ်ဖိစီးမှူတွေမရှိတော့လို့ဝမ်းသာတယ်၊အမှတ်တရများစွာနဲ့သတိကတော့ရမှာပေါ့လေ၊ဘဝရဲ့အရေးပါတဲ့တပိုင်းတစ အနေနဲ့သူအမြဲရှိနေမှာတော့အသေချာပါပဲ။
ကျွန်တော်တို့၂ ယောက်ရဲ့တွေ့ခဲ့ဖြစ်ပျက်ခဲ့တာတွေကရုပ်ရှင်ဆန်လွန်းလို့စိတ်ပါရင်ဝတ္ထုလေးရေးဦးမယ်၊အမှတ်တရပေါ့၊လွယ်လွယ်နဲ့မချစ်မိအောင်တော့နောက်ဆိုဆင်ခြင်ရမှာပေါ့လေ၊တနေ့နေ့တချိန်ချိန်သူ့ဘက်ကပြောင်းလဲပြီးကိုယ့်ဆီပြန်လာချင်တယ်ဆိုရင်တော့လဲတံခါးဖွင့်ပေးထားပါတယ်၊ကိုယ်နောက်ထပ်အသစ်မတွေ့သေးရင်ပေါ့လေဆိုပြီးရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။
Zawgyi Version
Credit