Cele News

စင်ပေါ်မှာ သီချင်းဆိုနေရင်းသား လက်ကျိုးသွားတဲ့အဖြစ်အပျက်ကို ၀မ်းနည်းစွာပြောပြလာတဲ့ အဆိုတော်ညီမင်းခိုင်

စင်ပေါ်မှာ သီချင်းဆိုနေရင်းသား လက်ကျိုးသွားတဲ့အဖြစ်အပျက်ကို၀မ်းနည်းစွာပြောပြလာတဲ့အဆိုတော်ညီမင်းခိုင်

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်အဆိုတော်ညီမင်းခိုင်ကစင်ပေါ်မှာသီချင်းဆိုနေရင်းသားလက်ကျိုးသွားတဲ့အဖြစ်အပျက်ကိုအခုလို၀မ်းနည်းစွာပြောပြလာခဲ့ပါတယ်နော်။

အဆိုတော်ညီမင်းခိုင်ကအစားမတော်တစ်လုပ်၊အသွားမတော်တစ်လှမ်းဆိုတဲ့အတိုင်းပဲစင်ပေါ်ကနေပန်းစည်းအပေးမတော်လို့အဆုံပြုတ်ကျသွားတဲ့ညာဖက်လက်တစ်ချောင်းအတွက်ဝိုင်းဝန်းကူညီပေးခဲ့ကြတဲ့မင်းပြားမြို့မှသက်ဆိုင်ရာလူကြီးမင်းများ၊ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းသွေးလှူရှင်များအသင်း၊အေးငြိမ်းအထူးကုဆေးခန်းနှင့် သူငယ်ချင်းများအားလုံးကို ရင်ဘတ်ထဲကနေလှိုက်လှိုက်လှဲလှဲနဲ့ကျေးဇူးတင်ပါတယ်။

မနက်ဖြန်25ရက်နေ့အမ်းမြို့နယ်တပ်တောင်ပွဲကိုလာရောက်မဖျော်ဖြေနိုင်တော့တဲ့အတွက်တောင်းပန်ပါတယ်၊လူကိုယ်တိုင်လာရောက်သတင်းမေးကြတဲ့မိတ်ဆွေ၊သူငယ်ချင်း၊အနုပညာညီအစ်ကိုမောင်နှမများနှင့်စိတ်ပူပေးခဲ့ကြတဲ့ပရိတ်သတ်များ၊ဖုန်းနဲ့တစ်မျိုးအွင်လိုင်းပေါ်ကတဖုံ၊သတင်းမေးလာကြတဲ့ခင်မင်လေးစားရတဲ့ပုဂ္ဂိုလ်များအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ယနေ့ကျန်းမာစွာဖြင့်ဆေးခန်းကဆင်းပါပြီဆိုပြီးသူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

Zawgyi version




Credit