Cele News

ငါဘယ်မေ့နိုင်မလဲ အဲ့နေကစလို့ ငါတို့မနက်ခင်းတွေ အလင်းပျောက်ခဲ့ရတယ်ဆိုပြီး သူမခံစားချက်တွေကိုရင်ဖွင့်လာတဲ့ အဆိုတော်ယုဇန

ငါဘယ်မေ့နိုင်မလဲ အဲ့နေကစလို့ ငါတို့မနက်ခင်းတွေ အလင်းပျောက်ခဲ့ရတယ်ဆိုပြီးသူမခံစားချက်တွေကိုရင်ဖွင့်လာတဲ့ အဆိုတော်ယုဇန

အဆိုတော်ယုဇနကတော့တော်လှန်ရေးကြီးမှာပြည်သူတွေနဲ့အတူအမှန်တရားဘက်ကပါဝင်ခဲ့ပြီးလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာအားတက်သရောပါဝင်လှုပ်ရှားခဲ့ပါတယ်နော်။အခုတစ်ခါမှာဆိုရင်အဆိုတော်ယုဇနကငါဘယ်မေ့နိုင်မလဲ၊အဲ့နေကစလို့ငါတို့မနက်ခင်းတွေအလင်းပျောက်ခဲ့ရတယ်ဆိုပြီးသူမခံစားချက်တွေကိုအခုလိုရင်ဖွင့်လာခဲ့ပါတယ်နော်။

အဆိုတော်ယုဇနကဒီမနက်မိုးမလင်းသေးခင်ဖုန်းတစ်ခုဝင်လာတယ်၊ငါ့နားထဲကြားလိုက်ရတဲ့သတင်းဆိုးအိပ်မက်တစ်ခုသာဖြစ်လိုက်ချင်တယ်၊မခံချင်စိတ်နဲ့လှိမ့်ကျလာတဲ့မျက်ရည်တွေနဲ့အတူငါတို့တိုင်းပြည်အမှောင်ကျခဲ့ပြီ၊တစ်လောကလုံးတိတ်ဆိတ်ဆွံ့အကြေကွဲရတဲ့ဒီနေ့။

ငါဘယ်မေ့နိုင်မှာလဲအဲ့ဒီနေ့ကစလို့ငါတို့မနက်ခင်းတွေအလင်းပျောက်ခဲ့တယ်၊1 Feb2021၊1Feb2022ဆိုပြီးသူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

Zawgyi Version




Credit