Cele News

ဖေဖော်ဝါရီရောက်တိုင်း စိတ်ရောလူပါအမြဲပင်ပန်းနေရတဲ့အကြောင်း ရင်ဖွင့်လာတဲ့ စီစဉ်တင်ဆက်သူကိုကျော်သက်လင်း

ဖေဖော်ဝါရီရောက်တိုင်း စိတ်ရောလူပါအမြဲပင်ပန်းနေရတဲ့အကြောင်းရင်ဖွင့်လာတဲ့စီစဉ်တင်ဆက်သူကိုကျော်သက်လင်း

စီစဥ်တင်ဆက်သူကိုကျော်သက်လင်းကတော့တော်လှန်ရေးကြီးမှာပြည်သူတွေနဲ့အတူပါဝင်ပြီးလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာအားတက်သရောပါဝင်ခဲ့တာကြောင့်ပုဒ်မ၅၀၅က၊ဖြင့်မတရားအမှုဖွင့်ထားခြင်းခံရပြီးဘေးကင်းရာကိုရှောင်တိမ်းနေရပါတယ်နော်။အခုတစ်ခါမှာဆိုရင်စီစဥ်တင်ဆက်သူကိုကျော်သက်လင်းကဖေဖော်ဝါရီရောက်တိုင်းစိတ်ရောလူပါအမြဲပင်ပန်းနေရတဲ့အကြောင်းကိုအခုလိုရင်ဖွင့်လာခဲ့ပါတယ်နော်။

စီစဉ်တင်ဆက်သူကိုကျော်သက်လင်းကဘာမှမရေးခဲ့ရင်လည်းအမှတ်တရတွေကတစ်နှစ်ပြည့်တဲ့အခါသတိရစရာအဖြစ်ပြန်ပေါ်လာမှာမဟုတ်ဘူး၊မနှစ်ကဖေဖော်ဝါရီထက်ပိုဆိုးတာမျိုးငါကြုံနေရတော့၊ဖေဖော်ဝါရီရေမင်းကလူတွေသတ်မှတ်ထားတဲ့လတစ်လပါပဲ။

ငါကတော့ဖေဖော်ဝါရီရောက်တိုင်းစိတ်ရောလူပါအမြဲပင်ပမ်းရတော့မင်းကိုပဲနာမည်တတ်ပြီးအပြစ်တင်လိုက်မိတယ်၊ငါကံကောင်းနိုင်သေးလား ဖြေပါဦးဖေဖော်ဝါရီရေ၊အားတင်းပြီးရယ်ကြည့်မယ်အဆင်ပြေပါရဲ့လားဖေဖော်ဝါရီဆိုပြီးသူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

Zawgyi Version




Credit