Cele News

သရုပ်ဆောင်မင်းမော်ကွန်းက ပြည်သူ့ရဲ့ ထာ၀ရမင်းသားဖြစ်ကြောင်း ရှင်းပြလာတဲ့ ဆရာမချမ်းချမ်း

သရုပ်ဆောင်မင်းမော်ကွန်းက ပြည်သူ့ရဲ့ ထာ၀ရမင်းသားဖြစ်ကြောင်း ရှင်းပြလာတဲ့ဆရာမချမ်းချမ်း

သရုပ်ဆောင်မင်းမော်ကွန်းကတော့တော်လှန်ရေးကြီးမှာပြည်သူတွေနဲ့အတူပါဝင်ပြီးလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာအားတက်သရောပါဝင်ခဲ့တာကြောင့်ပုဒ်မ၅၀၅က၊ဖြင့်မတရားအမှုဖွင့်ထားခြင်းခံရပြီးဘေးကင်းရာကိုရှောင်တိမ်းနေရပါတယ်နော်။အခုတစ်ခါမှာဆိုရင်ဆရာမချမ်းချမ်းကသရုပ်ဆောင်မင်းမော်ကွန်းကပြည်သူ့ရဲ့ထာ၀ရမင်းသားဖြစ်ကြောင်းကိုအခုလိုရှင်းပြလာခဲ့ပါတယ်နော်။

ဆရာမချမ်းချမ်းကဟိုးအရင်ကလေးဘ၀ကတည်းကအရမ်းချစ်ခဲ့အားပေးခဲ့ရတဲ့အစ်ကိုမင်းသား၊အခုဆိုသူ့ကိုပိုပြီးတော့တောင်လေးစားချစ်ခင်သနားမိတယ်၊နိုင်ငံရေးကိစ္စတွေစဖြစ်ကတည်းကအဆက်အသွယ်လုပ်ဖြစ်ပြီးသူ့ကိုပိုပြီး သိလာရတာကသူကတကယ်တည်ကြည်တယ်၊ယဥ်ကျေးတယ်၊ပြတ်သားတယ်၊ရဲရင့်တယ်၊အမှန်တရားကိုသိမြင်တယ်။

အစ်ကိုမင်းမော်ကွန်းကတကယ်ပြည်သူ့ရဲ့ထာ၀ရ မင်းသားပါ၊အစ်ကိုနဲ့မိသားစုတွေအမြဲဘေးကင်းလုံခြုံကြပါစေဆိုပြီးသူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

Zawgyi Version




Credit