Cele News

ပိုက်ဆံချေးပြီး ပြန်မဆပ်တဲ့အပြင် unfriend ပါလုပ်သွားတဲ့ သူငယ်ချင်းအရင်းကြီးကို ဒဲ့ပြောလိုက်တဲ့ သရုပ်ဆောင် လမင်းကဗျာ

ပိုက်ဆံချေးပြီး ပြန်မဆပ်တဲ့အပြင် unfriend ပါလုပ်သွားတဲ့ သူငယ်ချင်းအရင်းကြီးကိုဒဲ့ပြောလိုက်တဲ့သရုပ်ဆောင် လမင်းကဗျာ

သရုပ်ဆောင်လမင်းကဗျာကတော့ပီပြင်လှတဲ့သရုပ်ဆောင်ချက်တွေနဲ့ကျရာဇာတ်ကောင်တွေမှာအကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့ပြီးပရိတ်သတ်တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိထားပါတယ်နော်။သရုပ်ဆောင်လမင်းက​ဗျာကတော့တော်လှန်ရေးကြီးမှာပြည်သူတွေနဲ့အတူအမှန်တရားဘက်ကပါဝင်ခဲ့ပြီးလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာအားတက်သရောပါဝင်လှုပ်ရှားခဲ့ပါတယ်နော်။

အခုတစ်ခါမှာဆိုရင်သရုပ်ဆောင်လမင်းကဗျာကသူငယ်ချင်းအရင်းကြီးအကြွေးမဆပ်လို့အခုလိုဒဲ့ပြောလာခဲ့ပါတယ်နော်။သရုပ်ဆောင်လမင်းကဗျာကပိုက်ဆံ၁၀သိန်းချေးတယ်၊၃နှစ်အတွင်းမှာ၅သိန်းတော့ဖဲ့ဆပ်တယ်၊ကျန် ၅သိန်းထပ်တောင်းတော့unfriလုပ်သွားတယ်၊ကျေးဇူးပဲဖလမ၊အရင်းကြီးနော်၊သူငယ်ချင်းအရင်းကြီး၊

ငါစိတ်စိုးခဲတယ်၊မပေးလဲစိတ်မစိုးသေးဘူး၊unfriလုပ်သွားတာကိုတင်းတာ။နင်အချိန်မရွေးပိုက်ဆံချေးလို့ရတဲ့သူတစ်ယောက်နင့်နားမှာမရှိတော့ဘူးပေါ့ဟာဆိုပြီးသူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

Zawgyi Version




Credit