Cele News

အမှန်တရားဘက်ကရပ်တည်ခဲ့လို့ ထောင်ထဲရောက်နေတဲ့ ပြည်သူ့ချစ် Beauty Blogger ၀င်းမင်းသန်းရဲ့ ဘ၀ဇာတ်ကြောင်း

အမှန်တရားဘက်ကရပ်တည်ခဲ့လို့ ထောင်ထဲရောက်နေတဲ့ ပြည်သူ့ချစ် Beauty Blogger ၀င်းမင်းသန်းရဲ့ဘ၀ဇာတ်ကြောင်း

မဝင်းမင်းသန်းကတော့တော်လှန်ရေးကြီးမှာပြည်သူတွေနဲ့အတူလူထုလှုပ်ရှားမှုတွေမှာအင်တိုက်အားတိုက်ပါဝင်ခဲ့တာကြောင့်ပုဒ်မ၅၀၅က၊ဖြင့်အမှုဖွင့်ထားပြီးမတရားအဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်နော်။

အခုတစ်ခါမှာဆိုရင်ပြည်သူ့ချစ် Beauty Bloggerမ၀င်းမင်းသန်းရဲ့ဘ၀ဇာတ်ကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်နော်။

ဝင်းမင်းသန်းဆိုတဲ့အမျိုးသမီးကခင်ဗျားတို့ကိုရှိတာလေးနဲ့တက်နိုင်သလောက်လှအောင်လမ်းညွှန်ပြခဲ့တာ၊Surgeryမလုပ်ပဲဘယ်လိုနေရင်ဘယ်လိုလှတယ်ဆိုတာသက်သေပြခဲ့တာ၊မျက်နှာလှချင်ရင် စိတ်ကောင်းဘယ်လိုထားရမလဲကအစသင်ပေးခဲ့တာ။

လူနေမှုအဆင့်အတန်းကအစဘယ်လိုနေရမယ်ဘယ်လိုမနေရဘူးအသေးစိတ်စေတနာထားနည်းနာပြပေးခဲ့တာ၊မြန်မာတွေအရိုးစွဲနေတဲ့BodyShamingLogicကိုအမုန်းခံတိုက်ပေးခဲ့တာ၊LGBTနဲ့လူနည်းစုကိုထိရင်စပ်စပ်ထိမခံရပ်တည်ပေးခဲ့တာ။

နောင်အနာဂါတ်မှာ Celebrity တွေ Social Influencer တွေထဲမှာဘယ်သူဟာတကယ်ပညာတတ်တဲ့သူလဲ၊ဘယ်သူဟာစေတနာပြည့်ဝတဲ့သူလဲ၊ဘယ်သူကပြည်သူတွေအတွက်စွန့်လွှတ်ရဲခဲ့တဲ့သူလဲဆိုတဲ့စံတင်မှတ်ကျောက်ကိုအမြဲတိုက်ကြည့်နိုင်ဖို့အတွက်ဝင်းမင်းသန်းဟာမြန်မာပြည်သူတွေအတွက်ဘယ်တော့မှမေ့မထားအပ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်တယ်။

ပြည်သူဘက်ကရပ်တည်ပြီးပြည်သူ့ကျေးဇူးဆပ်သွားတဲ့မဝင်းမင်းသန်းဟာကျွန်တော်တို့ရင်ထဲကတစ်ဦးတည်းသောBeautyBloggerပဲဖြစ်တယ်၊မဝင်းမင်းသန်းကျန်းမာဘေးကင်းပြီးအမြန်ဆုံးလွတ်မြောက်လာနိုင်ပါစေ။

Credit