Cele News

အမေရိကားမှာနေရတာကို နတ်ဘုံရောက်နေသလိုဘဲလို့ ထင်နေကြတဲ့သူတွေကို သူမရဲ့ ဒုက္ခတွေရင်ဖွင့်လာတဲ့ သရုပ်ဆောင် ခွန်းဆင့်နေခြည်

အမေရိကားမှာနေရတာကို နတ်ဘုံရောက်နေသလိုဘဲလို့ ထင်နေကြတဲ့သူတွေကို သူမရဲ့ ဒုက္ခတွေရင်ဖွင့်လာတဲ့ သရုပ်ဆောင် ခွန်းဆင့်နေခြည်

ပရိသတ်ကြီးရေသရုပ်ဆောင်အဆိုတော်ခွန်းဆင့်နေခြည်ကတော့ လက်ရှိမှာအနုပညာအလုပ်တွေနဲ့ဝေးကွာနေပြီး အမေရိကားမှာအ​ခြေ ချနေထိုင်နေတာလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ ခွန်းဆင့်နေခြည်ကအမေရိကားမှာနေရတာကို နတ်ဘုံရောက်နေသလိုဘဲလို့ ထင်နေကြတဲ့သူတွေကို သူမရဲ့ ဒုက္ခတွေရင်ဖွင့်လာတာဘဲဖြစ်ပါတယ်။

မြန်မာပြည်အပြင်ဘက်ကိုရောက်နေရပေမဲ့ကျွန်မလည်းတနေ့မှမပျော်ပါဘူးဒါ့ကြောင့်ကိုယ့်ကိုယ်ကို အားပေးလိုက်သူများတွေကိုအားပေးလိုက်နဲ့ ကျော်ဖြတ်နေရတာ ကျွန်မ အရမ်းပျော်နေတယ်မထင်ကြပါနဲ့နော် လူတိုင်းမှာ သောကကိုယ်စီနဲ့ပါဒါပေမဲ့ဘယ်တော့သေကြရမယ်မသိတဲ့ဘဝတွေမှာစိတ်နှလုံးမအေးချမ်းပဲ ဘဝကူးသွားကြမှာကို​တော့စိတ်ပူမိပါတယ်။

ဒါ့ကြောင့်ကျွန်ကိုယ်တိုင် စိတ်နှလုံးအေးချမ်းအောင်နေထိုင်ရင်းတခြားသူများကိုလည်း စိတ်နှလုံးငြိမ်းချမ်းစေဖို့ မျှဝေမိပါတယ် အမေရိကားမှာရောက်နေလို့ နတ်ဘုံရောက်နေသလိုပဲ ကံကောင်းလိုက်တာလို့တချို့ကကျွန်မကိုပြောကြတယ် မထင်လိုက်ပါနဲ့ သူများနိုင်ငံမှာ ကျွန်မ မနေချင်ပါဘူး ဆွေမရှိ မျိုးမရှိ မိဘမဲ့ တစ်ကိုယ်တည်းအရာရာတိုင်းကိုအဆင်ပြေအောင်အထိုင်ကျဖို့နဲ့သူများနိုင်ငံရဲ့ပြင်းထန်တဲ့ စည်းကမ်းတွေ စနစ်တွေကြားထဲမှာရှင်သန်နိုင်ဖို့ အတော်ကြီးကိုကြိုးစားလေ့လာ သင်ယူနေရတာ လုံးဝမလွယ်ပါ။

အခု အမေရိကားမှာ Investment ရင်းနှီးမြုပ်နှံမှုနဲ့ ၁၀ နှစ် Green Card ရထားလို့ Green Card နဲ့နေတယ်နိုင်ငံသားမလျှောက်ဘူးမြန်မာပြည်မှာနေတုန်းကကိုယ့်ဘာသာနဲ့ကိုယ့်လူမျိုးနဲ့ကိုယ် မျက်ပြူးဆံပြာတွေမဖြစ်ခဲ့ဖူးဘူး။

အခုသူများနိုင်ငံမှာအခြေတကျတရားဝင်နေလို့ရအောင် လုပ်ဆောင်ခဲ့ရတဲ့အဆင့်ဆင့်တွေကအများကြီး ဦးနှောက်ခြောက်ရတဲ့ကိစ္စတွေအများအပြားဖြတ်ကျော်ခဲ့ရတယ်လုံးဝကိုပြူးပြာစိန်ပဲကူမဲ့သူလား အမေရိကားလိုနေရာမျိုးမှာအင်မတန်မှမရှိသလောက်ရှားပါတယ်ဒါ့ကြောင့်ကိုယ့်ကိုကူခဲ့သူတချို့တလေကိုတန်ဖိုးထားတယ်၊

မသိလို့မေးရင် အမှန်ပြောပြမဲ့သူရှားတယ် သူတို့ကိုယ်တိုင်လည်းမသိလို့ဖြစ်ပါလိမ့်မယ်ကိုယ့်သာဘာသိအောင်လုပ်ကိုယ့်ဘာသာမှားရင်ခံ ဒါပဲလေ အတွေ့အကြုံဆိုတာအမှားတွေကနေမှရလာတာမျိုးဆိုတော့ အမှားတွေ့ရင်အမှန်ဆိုတာသိလာတာပဲလေ၊ကျော်ဖြတ်ခဲ့ရတဲ့အခက်အခဲတွေနောက်မှဆက်ပြောတော့မယ် ခုတော့ ဒလောက်ပါပဲဆိုပြီးရင်ဖွင့်လာတာဖြစ်ပါတယ်။

Credit