Cele News

ထောင်ကျခံရတဲ့ (၁၀)လပြည့်သွားပြီဖြစ်တဲ့ သရုပ်ဆောင် ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ ဘဝဇာတ်ကြောင်းပြောပြလာတဲ့ ပရိသတ်တဦး

ထောင်ကျခံရတဲ့ (၁၀)လပြည့်သွားပြီဖြစ်တဲ့ သရုပ်ဆောင် ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ဘဝဇာတ်ကြောင်းပြောပြလာတဲ့ ပရိသတ်တဦး

(၁၀)လဆိုတဲ့အချိန်ဟာအပြင်မှာရှိနေသူတွေအဖို့ မြန်ကောင်းမြန်နိုင်ပေမယ့် အင်းစိန်ထောင်ထဲက သူတို့(၂)ယောက်အဖို့တော့ ဘယ်လောက်တောင် ကြာနေခဲ့လိမ့်မလဲနော်။ပြေတီဦးဆိုတာ အင်ဂျင်နီယာဘွဲ့ရ၊အကယ်ဒမီ(၄)ဆုရှင်၊ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားတွေထဲကတစ်ဦး။အခြေခံမိသားစုတွေထဲကဆရာဝန်ဖြစ်ချင်တဲ့ ထူးချွန်ကျောင်းသား/သူတွေအတွက် ဆေးတက္ကသိုလ်ကိုလွယ်လင့်တကူ တက်နိုင်အောင်ထောက်ပံ့ပေးတဲ့ပြေတီဦးဖောင်ဒေးရှင်း ရဲ့ ဥက္ကဋ္ဌ(Founder & CEO) တစ်ဦး။

အိန္ဒြာကျော်ဇင် ဆိုတာ ရဲဘော်သုံးကျိပ်ဝင်ဗိုလ်ဇေယျရဲ့မြေး၊ ကမ္ဘာ့အဆင့် နိုင်ငံတကာရုပ်ရှင်ပွဲတော်ကြီးမှာ ဆုရဖူးတဲ့ ပထမဦးဆုံးနဲ့ တစ်ဦးတည်းသောမြန်မာအမျိုးသမီးသရုပ်ဆောင်တစ်ဦး။ အနုပညာသက်တမ်း(၂၅)နှစ်ကျော်တဲ့အထိမြန်မာပြည်ရဲ့ တတိယမြောက်အနုပညာကြေးအမြင့်ဆုံးထိပ်တန်းမင်းသမီးအဖြစ်ရပ်တည်နေနိုင်ပြီးအောင်မြင်မှုကိုထိန်းထားနိုင်တဲ့ပြည်သူချစ်အနုပညာရှင်တစ်ဦး။

ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်ဟာအခြားရေပေါ်ဆီအနုပညာရှင်တွေနည်းတူ ဘာသိဘာသာ အိမ်မှာအသာနှပ်ဥမကွဲသိုက်မပျက်ခရီးထွက်လို့ရတယ်။သန်းနဲ့ချီတဲ့ချစ်ပရိသတ်တွေရှိလို့ စီးပွားရေးမကောင်း မုန့်လုပ်ရောင်းဈေးသည်ဘဝနဲ့တောင် သူဌေးဖြစ်လို့ရတယ်။ ပရိသတ်အထာနပ်ပြီးသားမို့အဆဲလွတ်အောင်ပရဟိတခေါင်းစဉ်တပ်အလှူအတန်းတွေပက်ပက်စက်စက်လုပ်ပြလို့ရတယ်။

ဒါပေမဲ့ ဒါတွေသူတို့မလုပ်ခဲ့ဘူး။လုပ်ဖို့လည်း စိတ်ကူးမရှိခဲ့ကြလို့ လူမမယ်ရင်သွေးလေး(၂)ယောက်နဲ့ခွဲခွာပြီးအမှန်တရားအတွက် ခရီးထွက်ခဲ့ကြတယ်။ပြည်သူ့အတွက် ပေးဆပ်ခဲ့ကြတယ်။

ကိုယ့်အိမ်၊ကိုယ့်ခြံ၊ကိုယ့်ဝန်းလေးထဲမှာသားသားမီးမီးလေးတွေနဲ့ အတူတူပန်းချီလေးဆွဲလိုက်၊ဂစ်တာလေးတီးလိုက်၊သီချင်းလေးဆိုလိုက် သာသာယာယာနေလို့ရမယ့်အချိန်ထောင်ထဲသွားပြီး ဒုက္ခခံနေရှာရော့တယ်ကိုပြေတီနဲ့ မအူဝဲရယ်ဒီနေ့ဆိုသူတို့နှစ်ယောက်ဖမ်းဆီးထိန်းသိမ်းအကျဉ်းချခံခဲ့ရတာ(၁၀)လ ပြည့်ခဲ့ပြီ။

ကိုယ်ကျန်းမာစိတ်ချမ်းသာပြီးအချုပ်အနှောင်ကအမြန်ဆုံးလွတ်ဖို့ နေ့ညမပျက်ဆုတောင်းနေဆဲပါလေသူတို့လွတ်ဖို့ ဒီပွဲ မြန်မြန်အောင်ဖို့လိုတယ်။ဓမ္မဘက်က ပြည်သူအားလုံးအတွက်အောင်ပွဲက ဝေးမနေပါဘူး မပူကြသေးသူ၊မကူကြသေးသူတွေများနေသေးလို့သာ ကြန့်ကြာနှေးကွေးနေရတာ။ဆုတောင်းနေရုံနဲ့မပြီးကိုယ်ကိုယ်တိုင်ရပ်တည်ပါဝင်မှသာအောင်ပွဲကနီးမှာပါလေ။

Credit