Cele News

မွန်ဘုရင်မကြီး ရှင်စောပုအားရည်စူးပြီး လက်ဝတ်ရတနာများကို ဌာပနာအတွက် ကပ်လှူပူဇော်လှူဒါန်းခဲ့တဲ့ သရုပ်ဆောင် ခိုင်နှင်းဝေ

မွန်ဘုရင်မကြီး ရှင်စောပုအားရည်စူးပြီး လက်ဝတ်ရတနာများကို ဌာပနာအတွက်ကပ်လှူပူဇော်လှူဒါန်းခဲ့တဲ့သရုပ်ဆောင် ခိုင်နှင်းဝေ

ပရိသတ်ကြီးရေသရုပ်ဆောင်ခိုင်နှင်းဝေကတော့ အနုပညာအလုပ်တွေထက် ပရဟိတအလုပ်တွေကိုအားသွန်ခွန်စိုက်လုပ်နေတဲ့သူတစ်ယောက်ပါ။

ဒီနေ့မှာတော့သရုပ်ဆောင်ခိုင်နှင်းဝေကမွန်ဘုရင်မကြီး ရှင်စောပုအားရည်စူးပြီးသူမဝတ်ဆင်ထားတဲ့လက်ဝတ်ရတနာတွေကို လှူဒါန်းပေးခဲ့တာဘဲဖြစ်ပါတယ်။

သရုပ်ဆောင်ခိုင်နှင်းဝေက မွန်ဘုရင်မကြီးရှင်စောပုသက်တော် (၆၂၈) နှစ် မွေးနေ့အားရည်စူးဦးထိပ်ထား၍သာသနာအတွက် အထောက်အပံ့ကောင်းကုသိုလ်အလှုအဖြစ်ကျမရဲ့လက်ဝတ်ရတနာများကို ဌာပနာအတွက်ကပ်လှူပူဇော်လှူဒါန်းခဲ့ပါတယ်ရှင်ဤကုသိုလ်လေးများအားအမျှအမျှ အမျှ ပေးဝေပါတယ်။ဝမ်းမြောက်ဝမ်းသာသာဓုခေါ်ဆို၍ထပ်တူရရှိကြပါစေရှင်ဆိုပြီးပြောပြထားတာဖြစ်ပါတယ်။

Zawgyi Version




Credit