Cele News

ကွယ်လွန်သူမိခင်ကြီးရဲ့ (၅) လပြည့် အလှူအဖြစ် ဆေးဝါးနဲ့ အလှူငွေများလှူဒါန်းပေးခဲ့တဲ့ သရုပ်ဆောင် မေပန်းချီ

ကွယ်လွန်သူမိခင်ကြီးရဲ့ (၅) လပြည့်အလှူအဖြစ် ဆေးဝါးနဲ့ အလှူငွေများလှူဒါန်းပေးခဲ့တဲ့သရုပ်ဆောင်မေပန်းချီ

ပရိသတ်ကြီးရေသရုပ်ဆောင် မေပန်းချီကတော့ အနုပညာနယ်ပယ်မှာနေရာတစ်ခုအခိုင်အမာရရှိထားတဲ့သူတစ်ယောက်ပါ။မေပန်းချီကတော့ ကိုဗစ်ရောဂါဆိုးကြီးကြောင့် မိခင်ဖြစ်သူကို မကြာသေးမီကမှ ဆုံးရှုံးထားခဲ့ရတာဖြစ်ပါတယ်။

အခုဆိုရင်သရုပ်ဆောင်မေပန်းချီရဲ့မိခင်ကြီးကွယ်လွန်တာ ငါးလပြည့်ပြီလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ မေပန်းချီက မိခင်ကြီးအတွက်ရည်စူးပြီးမိခင်ကြီးရှိစဥ်က အစစအရာရာကူညီပေးခဲတဲ့ ပရဟိတအသင်းကို ဆေးဝါးနဲ့အလှူငွေတွေလှူဒါန်းပေးခဲ့တာဘဲဖြစ်ပါတယ်။

မေပန်းချီကအမေမဆုံးခင်အမေ့နဲ့ ပန်းချီရဲ့ အရေပေါ်သေရေးရှင်ရေးအချိန်တွေမှာ အောက်ဆီဂျင်ကနေလူနာတင်ကားအဆုံး၊ညမထွက်ရအချိန်မှာတောင်တကယ် စိတ်အားထက်သန်စွာ ကူညီပေးခဲ့တဲ့ မြန်မာ့စိတ်ရင်းကကိုမိုးမာန်ရဲ့အခမဲ့ ဆေးခန်းမှာ လိုအပ်တဲ့ဆေးဝါးအလှူငွေတွေကိုအမေ့အတွက်ရည်စူးပြီး သွားလှူခဲ့ပါတယ်။အမေရောက်ရာဘုံဘဝမှာ သာဓုခေါ်နိုင်ပါစေ။

Zawgyi Version




Credit