Cele News

ဒီနေ့မှာ နေအိမ်ကို ချိတ်ပိတ်ခံလိုက်ရကြောင်း ပြောပြလာတဲ့ အဆိုတော်လင်းလင်း နဲ့ ချစ်သုဝေ

ဒီနေ့မှာ နေအိမ်ကို ချိတ်ပိတ်ခံလိုက်ရကြောင်း ပြောပြလာတဲ့ အဆိုတော်လင်းလင်းနဲ့ချစ်သုဝေ

ပရိသတ်ကြီးရေအဆိုတော်လင်းလင်းနဲ့ချစ်သုဝေကတော့ အာဏာသိမ်းချိန်မှာစ၍ပြည်သူနဲ့အတူလမ်းမပေါ်ထွက်ကာ စစ်အာဏာရှင်ကို ရဲရဲဝင့်ဝင့်ဆန့်ကျင်ခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိမှာအဆိုတော်လင်းလင်းနဲ့ချစ်သုဝေကတော့ လွတ်မြောက်နယ်မြေတခုကိုရောက်ရှိနေပြီးစစ်အာဏာရှင်ကိုဆက်လက်တော်လှန်နေတာလည်းဖြစ်ပါတယ်။

ဒီနေ့မှာတော့ အဆိုတော်လင်းလင်းနဲ့ချစ်သုဝေရဲ့နေအိမ်ကို စစ်ကောင်စီက ချိတ်ပိတ်လိုက်တာလည်းဖြစ်ပါတယ်။သူတို့ ပိုင်ဆိုင်တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အောင်ဆုပန်ရပ်ကွက်၊ ဝေယန္တာလမ်းနဲ့ သံသုမာလမ်းထောင့်မှာရှိတဲ့ ရွှေအင်ကြင်းရိပ်မွန်အိမ်ယာ၊ တိုက်အမှတ်-တီ(T) အခန်း- (၆)ကို ချိတ်ပိတ်လိုက်တာလို့ သိရပါတယ်။

Zawgyi Version




Credit