Cele News

ကွယ်လွန်သွားတဲ့ဖခင်ကြီးကို ရည်စူးပြီး အလှူအတန်းတွေ အများကြီးလုပ်ပေးခဲ့တဲ့ သရုပ်ဆောင် သူရိယ

ကွယ်လွန်သွားတဲ့ဖခင်ကြီးကို ရည်စူးပြီး အလှူအတန်းတွေ အများကြီးလုပ်ပေးခဲ့တဲ့သရုပ်ဆောင်သူရိယ

ပရိသတ်ကြီးရေသရုပ်ဆောင်သူရိယကတော့မိဘပေါ်ရိုသေလေးစားတတ်သူတစ်ယောက်ဖြစ်ပါတယ်။ဒီနေ့မှာတော့ ကွယ်လွန်သွားတဲ့ဖခင်အတွက်ရည်စူးပြီးအလှူအတန်းတွေပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

သူရိယကအနန္တောအနန္တငါးပါးအားဦးထိပ်ပန်ဆင်လျက် ကျေးဇူးရှင်မိဘများဖြစ်ကြသည့် (ဦးဘဌေး+ဒေါ်တင်မြ)၊ (ဦးလှကြည်+ဒေါ်ရင်နွဲ့)သား- ဦးကြည်လင်း (စိန်ဘယက်ဆေးတိုက်)တို့အားရည်စူး၍ ပဲခူးတိုင်းဒေသကြီး၊ဝေါမြို့နယ်၊မြစ်ကျိုးကျေးရွာ သားမြင်ကုန်းစေတီတွင်တည်ထားကိုးကွယ်သော ဗုဒ္ဓရုပ်ပွါးတော်အတွက်မှန်အလူမီနီယံနှင့်သံဃာတော်များအားသင်္ကန်း၊ စိန်ဘယက်တိုင်းရင်းဆေးများ၊ နေ့ဆွမ်းအစရှိသည့်လှူဒါန်းဖွယ်အစုစုတို့ကို စိန်ဘယက်ဆေးတိုက်မိသားစုနှင့်တပည့်များမှ ကပ်လှူပူဇော်လှူဒါန်းပါသည်။

ဤသို့လှူဒါန်းရသော ကုသိုလ်ကောင်းမူအစုစုတို့ကို ကျေးဇူးရှင်မိဘများဖြစ်ကြသည့် (ဦးဘဌေး+ဒေါ်တင်မြ)၊ (ဦးလှကြည်+ဒေါ်ရင်နွဲ့) သား- ဦးကြည်လင်း (စိန်ဘယက်ဆေးတိုက်) တို့မှ မြင်သိ၊ကြားသိ၍သာဓုခေါ်နိုင်ပါစေ။၃၁ ဘုံ၌ ကျင်လည်ကြကုန်သော ဝေနေယျသတ္တဝါအပေါင်းတို့လည်းကုသိုလ်မေတ္တာအမျှအတန်းများရရှိကြပါစေဆိုပြီးဆုတောင်းပေးထားတာဖြစ်ပါတယ်။

Zawgyi Version




Credit