Cele News

ဒုတိယအကြမ် ရန်ပုံငွေရှာဖွေပွဲကနေ ကျပ်သိန်းပေါင်း (၉၃၀) ကျော်ရရှိခဲ့တဲ့ ခီမောင်နှံ

ဒုတိယအကြမ် ရန်ပုံငွေရှာဖွေပွဲကနေ ကျပ်သိန်းပေါင်း (၉၃၀) ကျော်ရရှိခဲ့တဲ့ခီမောင်နှံ

ပရိသတ်ကြီးရေသရုပ်ဆောင်ဇဏ်ခီနဲ့ခရစ်စတီးနားခီတို့စုံတွဲကတော့အနုပညာနယ်ပယ်မှာလည်းအောင်မြင်ကြသလို ပရဟိတအလုပ်တွေလည်းတတ်စွမ်းသလောက်လုပ်ကိုင်နေတဲ့သူတွေပါ။အနုပညာ ဇနီးမောင်နှံ ဖြစ်သောဇာဏ်ခီနှင့် ခရစ္စတီးနားခီ တို့၏ ဒုတိယအကြိမ်ရန်ပုံငွေရှာပွဲအစီအစဥ်မှ ကျပ်သိန်း ၉၃၀ ရရှိခဲ့သည်ဟုခီမောင်နှံကယမန်နေ့ ည ၈ နာရီတွင် Live လွှင့်ကာ ပြောခဲ့သည်။

ခီမောင်နှံ၏ပထမအကြိမ် ရန်ပုံငွေရှာဖွေမှုတွင်ကျပ်သိန်း ၁၃၀၀ ကျော် ရရှိခဲ့ပြီး ယခု ဒုတိယ အကြိမ်တွင်မူ ကျပ်သိန်း ၉၃၀ ကျော် ရရှိခဲ့သဖြင့်ပထမအကြိမ်ထက်ကျပ်သိန်း ၃၇၀ ခန့် လျော့ကျသည်။

မြန်မာနိုင်ငံ ဒေသအသီးသီးရှိအခက်အခဲကြုံတွေ့နေရသော ပြည်သူများကို လှူဒါန်းရန် ရန်ပုံငွေရှာဖွေသည့် ယခု အစီအစဉ်၌ ၎င်းတို့ ဇနီးမောင်နှံနှစ်ဦးပုံတွင် Love Revolution စာတန်းပါသည့် ကျောက်စီ ပန်းချီကား တစ်ချပ်နှင့် ရွှေသားအတိ ပေါ်တွင် Zenn နှင့် Chris ၊ Proud of you စာတမ်းပါရင်ထိုး တစ်စုံအတွက်ကံစမ်းမဲလက်မှတ်ရောင်းချပေးကာမဲနှိုက်ပေးခဲ့ခြင်း ဖြစ်သည်။

Zawgyi Version




Credit