Cele News

သားဖြစ်သူ ကွယ်လွန်တာ (၈)လပြည့်တဲ့နေ့လေးမှာ အလှူတွေလုပ်ပြီး သူမခံစားချက်တွေရင်ဖွင့်လာတဲ့ မိခင်ဖြစ်သူ ခင်မြတ်မွန်

သားဖြစ်သူ ကွယ်လွန်တာ (၈)လပြည့်တဲ့နေ့လေးမှာ အလှူတွေလုပ်ပြီး သူမခံစားချက်တွေရင်ဖွင့်လာတဲ့မိခင်ဖြစ်သူခင်မြတ်မွန်

ပရိသတ်ကြီးရေအဆိုတော်ရေမွန်ကတော့အမှန်တရားအတွက်ပြည်သူဘက်ကရပ်တည်ရင်း အရွယ်မတိုင်ခင်ကြွေလွှင့်ခဲ့ရတာလည်းဖြစ်ပါတယ်။ဒီနေ့ဆိုရင်တော့အဆိုတော်ရေမွန်ကွယ်လွန်တာ (၈)လပြည့်ပြီမို့မိခင်ဖြစ်သူကအလှူတွေပြုလုပ်ပေးပြီး ဆုတောင်းပေးလာတာဖြစ်ပါတယ်။

ရေမွန်မိခင်ကအဆိုတော်ရေမွန် ကွယ်လွန်ခဲ့တာ ဒီကနေ့ဆိုရင် ၈လပြည့်ခဲ့ပြီပဲဖြစ်ပါတယ်။မိသားစုကတော့နေအိမ်မှာ ဆွမ်း၊ပန်း၊ရေချမ်း၊ဆီမီး၊သစ်သီး၊နွားနို့ဆွမ်းများ ကပ်လှူပူဇော်ခဲ့ပါတယ်။ဒီနေ့ (23-2-22) မှာတွတ်ပီလေး ဆုံးပါးခဲ့တာ(၈)လတင်းတင်းပြည့်ပါပြီ။တွတ်ပီအတွက်ရည်စူးပြီးနေအိမ်ရှိ မြတ်ဘုရားရှင်အားဆွမ်း၊ပန်း၊ရေချမ်း၊ဆီမီး၊သစ်သီး၊နွားနို့ဆွမ်းများကပ်လှူပူဇော်ခဲ့ပါတယ်။

ပြုသမျှကုသိုလ် အားလုံးအားအမျှပေးဝေပါတယ်။တွတ်ပီလဲ မြင့်မြတ်ကောင်းမွန်သောဘုံဘဝမှသာဓုခေါ်ဆိုနိုင်ပြီးအေးချမ်းစွာ ဖြတ်သန်းနိုင်ပါစေချစ်တယ်၊လွမ်းတယ်တွတ်ပီရေဘယ်တော့မှမမေ့ဘူးတွေးမိတိုင်း၊သတိရတိုင်းရင်တွေကွဲရ၊နာရလွန်းလို့သက်သာရာရအောင်တစ်ခါတစ်လေကြိုးစားပြီးမေ့ထားရတယ်။(စက္ကန့်ပိုင်းလောက်ပါဘဲ)ခွင့်လွှတ်ပါလို့ မိခင်ဖြစ်သူ ခင်မြတ်မွန်က ရေးသားထားပါတယ်။

Zawgyi Version




Credit