Cele News

အနုပညာလောကမှာ နေရာတခုရဖို့ နည်းလမ်းပေါင်းစုံနဲ့ အောက်ကျခံရကြောင်းပြောပြလာတဲ့ လူကြမ်းသရုပ်ဆောင် မင်းမင်း

အနုပညာလောကမှာ နေရာတခုရဖို့နည်းလမ်းပေါင်းစုံနဲ့ အောက်ကျခံရကြောင်းပြောပြလာတဲ့လူကြမ်းသရုပ်ဆောင် မင်းမင်း

ပရိသတ်ကြီးရေလူကြမ်းသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့မင်းမင်းကတော့ အနုပညာလောကမှာ ဆယ်စုနှစ်တခုကြာရပ်တည်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပြီး နေရာတခုရဖို့မလွယ်ကြောင်းအခုလိုပြောပြလာပါတယ်။မင်းမင်းကဒီဘဝရောက်ဖို့အတွက်ကိုနည်းလမ်းမျိုးစုံနဲ့ကျွန်ခံခဲ့ရတာ။‌နောက်ဆုံးကုန်ကုန်ပြောမယ်။သူများအဝတ်အစားလျှော်မင်းသမီးတွေရဲ့အဝတ်အစားတွေကိုပါလျှော်ပြီး(ဘယ်မင်းသမီးရယ်လို့တော့မပြောပါဘူး)ဒီနေရာကိုလိုချင်လွန်းလို့ ဒီလို ဖြစ်လာဖို့အတွက်ကိုတော်တော်ကြီးကြိုးစားခဲ့ရတာ။

နောက်ဆုံးဒီလမ်းကြောင်းပေါ်ကို ရောက်လာတာ။နောက်ဆုံးတော့ဘာဖြစ်လဲ၊ လူကြမ်းပဲဖြစ်လာတာပဲလေ။လူကြမ်းဖြစ်လာတော့လည်းအနုပညာကိုတန်ဖိုးထားတယ် ချစ်တယ်ဆိုပြီးလူကြမ်းသရုပ်ဆောင်ဘဝမှာရပ်တည်နိုင်ဖို့ကြိုးစားပြီးဘဝကြမ်းခဲ့တဲ့ အကြောင်းကိုဖြေကြားလာခဲ့ပါတယ်။လူကြမ်းသရုပ်ဆောင် မင်းမင်းမှာသားသမီးလေးယောက်ရှိပါတယ်။ သမီး(၃)ယောက်နဲ့ သားတစ်ယောက်ရှိပြီးသမီးအလတ်လေးဖြစ်တဲ့ဇင်စန္ဒာထွန်းကဖခင်ရဲ့ အနုပညာအမွေကိုဆက်ခံဖို့အတွက်အဆင်သင့် ဖြစ်နေပြီလို့ဆိုရမှာပါ။

သရုပ်ဆောင်မင်းမင်းရဲ့အသက်၁၈နှစ်အရွယ်သမီးလေးဇင်စန္ဒာထွန်းကအနုပညလမ်းကြောင်းကို လျှောက်လှမ်းနိုင်ဖို့အတွက် ပြင်ဆင်နေပြီ ဖြစ်ပြီးဖခင်ဖြစ်တဲ့မင်းမင်းကလည်းမပြည့်စုံပေမယ့်လည်းသမီးလေးရဲ့အနုပညာလမ်းကြောင်းကိုအပြည့်အဝထောက်ပံ့ပေးဖို့ကြိုးစားနေတယ်လို့လည်းထပ်မံပြောပြလာခဲ့ပါတယ်။

Zawgyi Version




Credit