Cele News

အကောင်းဆုံးကြိုးစားခဲ့ပေမယ့် ရှုံးနိမ့်သွားတဲ့အတွက် မြန်မာပရိသတ်တွေကို တောင်းပန်လာတဲ့ MMA ဖိုက်တာ အောင်လအန်ဆန်

အကောင်းဆုံးကြိုးစားခဲ့ပေမယ့် ရှုံးနိမ့်သွားတဲ့အတွက်မြန်မာပရိသတ်တွေကို တောင်းပန်လာတဲ့ MMA ဖိုက်တာအောင်လအန်ဆန်

ဒီနေ့ည စင်ကာပူနိုင်ငံ၌ပြုလုပ်မည့် Full Circle အမည်ရ MMA ပြိုင်ပွဲတွင် မြန်မာ MMA ကစားသမားအောင်လအန်ဆန်နှင့်ရုရှားနိုင်ငံသားကစားသမားဗစ်တာလီဘစ်ဒက်ရှ်တို့၏ စိန်ခေါ်ပွဲကိုယှဥ်ပြိုင်ထိုးသတ်ခဲ့ကြပြီးအလဲမထိုးနိုင်ဘဲဒိုင်အဆုံးအဖြတ်နဲ အောင်လကရှုံးနိမ်ခဲ့တာဖြစ်ပါတယ်။

အောင်လအန်ဆန်ကတော့ပွဲအပြီးမှာမြန်မာပရိသတ်တွေကိုအခုလိုတောင်းပန်ထားပါတယ်။အောင်ဘအန်ဆန်ကချစ်ရပါသောမြန်မာ ပရိသတ်များခင်ဗျာဒီနေ့ ပွဲအတွက်ကျွန်တော် အကောင်းဆုံး ပြင်ဆင် ကြိုးစားခဲ့ပါတယ်။ သို့ပေမယ့်ကျွန်တော်ကြိုးစားခဲ့သလိုမဖြစ်ခဲ့တဲ့ အတွက် ပရိသတ်များကိုစိတ်မကောင်းဖြစ်စေခဲ့တဲ့ အတွက်များစွာစိတ်မကောင်းဖြစ်ရပါတယ်။

နောက်များအတွက်ကျွန်တော်အကောင်းဆုံးကြိုးစားပြင်ဆင်သွားပါမယ်လို့ဂတိပေးရင်းချစ်တဲ့မြန်မာပြည်ကြီးနဲ့ပြည်သူပြည်သားများအတွက်အမြဲဆုတောင်းပေးလျက်ပါခင်ဗျာဆိုပြီးပြောပြလာတာဖြစ်ပါတယ်။

Zawgyi Version




Credit