Cele News

ဒီနေ့မှာ နာမည်ကြီးအနုပညာရှင်တချို့ကို ပြန်လည်လွတ်ပေးမယ်လို့ စစ်ကောင်စီပြော

ဒီနေ့မှာနာမည်ကြီးအနုပညာရှင်တချို့ကို ပြန်လည်လွတ်ပေးမယ်လို့ စစ်ကောင်စီပြော

ပရိသတ်ကြီးရေအာဏာသိမ်းပြီးနောက်ပိုင်းပြည်သူတွေနဲ့အတူ အနုပညာရှင်တွေကလည်း စစ်အာဏာရှင်ကိုဆန့်ကျင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့နာမည်ကြီးအနုပညာရှင်အချို့ မတရားဖမ်းဆီးခံခဲ့ရပြီးထောင်သုံးနှစ်ချခံလိုက်ရတာလည်းဖြစ်ပါတယ်။

ပုဒ်မ ၅၀၅-က နဲ့ထောင်ဒဏ်သုံးနှစ်စီချမှတ်ခံထားရတဲ့ အကယ်ဒမီ ပြေတီဦး၊အိန္ဒြာကျော်ဇင်၊သရုပ်ဆောင်လူမင်း၊ ပိုင်တံခွန်၊မဝင်းမင်းသန်းနဲ့ မကြာသေးခင်ကဖမ်းဆီးခံထားရတဲ့ ဒါရိုက်တာဝိုင်းတို့ကို ဒီနေ့မတ်လ ၂ မှာလွှတ်ပေးမယ်လို့စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကဘီဘီစီကိုပြောပါတယ်။

ဘာအထိမ်းအမှတ်မှမရှိဘဲဒီတိုင်းလွှတ်ပေးတာဖြစ်ပြီးဘာကြောင့် လွှတ်တယ်ဆိုတာအသေးစိတ်မပြောဘဲလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်လို့သူကပြောပါတယ်။အခုလွှတ်ပေးမယ့်အထဲမှာအဆိုတော်ပိုပိုနဲ့ ရဲတိုက်တို့ပါဝင်ခြင်းမရှိတာကိုတွေ့ရပါတယ်။

Zawgyi Version




Credit