Cele News

ဒီနေ့မှာ ပြန်လွတ်လာတဲ့ ပြည်သူအနုပညာရှင်တွေအတွက် ဝမ်းသာကြောင်း ပြောပြလာတဲ့ သရုပ်ဆောင် မင်းမော်ကွန်း

ဒီနေ့မှာပြန်လွတ်လာတဲ့ပြည်သူအနုပညာရှင်တွေအတွက် ဝမ်းသာကြောင်း ပြောပြလာတဲ့သရုပ်ဆောင်မင်းမော်ကွန်း

ဒီနေ့မှာတော့မတရားဖမ်းဆီးခံထားရတဲ့ပြည်သူအနုပညာရှင်တချို့ပြန်လည်လွတ်မြောက်လာတာလည်းဖြစ်ပါတယ်။ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခံထားရတဲ့ အကယ်ဒမီပြေတီဦး၊အိန္ဒြာကျော်ဇင်၊ သရုပ်ဆောင်လူမင်း၊ပိုင်တံခွန်နဲ့မကြာသေးခင်ကဖမ်းဆီးခံထားရတဲ့

ဒါရိုက်တာဝိုင်းတို့ကိုပြန်လည်လွတ်ပေးခဲ့တာလည်းဖြစ်ပါတယ်။လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာတော့သရုပ်ဆောင်ရဲတိုက်နဲ့အဆိုတော်ပိုပိုတော့ပါဝင်ခဲ့ခြင်းမရှိဘူးလို့လည်းသိရပါတယ်။

တော်လှန်ရေးကြီးမှာပြည်သူနဲ့အတူပါဝင်နေတဲ့သရုပ်ဆောင်မင်းမော်ကွန်းကလည်းပြန်လွတ်လာသူတွေအတွက်မိသားစုနဲ့ထပ်တူဝမ်းသာရပါတယ်လို့သူရဲ့လူမှုကွန်ရ​က်ကတဆင့်ပြောပြလာတာလည်းဖြစ်ပါတယ်။

Zawgyi Version




Credit