Cele News

ပြည်သူတွေဘက်က ရဲရဲဝင့်ဝင့်ရပ်တည်ပေးခဲ့တဲ့ အိ​န္ဒြာကျော်ဇင်ကို ကျေးဇူးတင်သင့်ကြောင်း ပြောပြလာတဲ့ အမာခံပရိတ်တစ်ဦး

ပြည်သူတွေဘက်ကရဲရဲဝင့်ဝင့်ရပ်တည်ပေးခဲ့တဲ့အိ​န္ဒြာကျော်ဇင်ကို ကျေးဇူးတင်သင့်ကြောင်း ပြောပြလာတဲ့အမာခံပရိတ်တစ်ဦး

ပရိသတ်ကြီးရေမတရားဖမ်းဆီးခံရပြီးထောင်သုံးနှစ်ချခံထားရတဲ့သရုပ်ဆောင်အိန္ဒြာကျော်ဇင်ကတော့မနေ့ကဘဲပြန်လွတ်လာခဲ့ပြီဖြစ်ပါတယ်။ဒီနေ့မှာတော့ အမာခံပရိတ်သတ်တစ်ဦးကပြည်သူတွေဘက်ရပ်တည်ခဲ့တဲ့သရုပ်ဆောင်အိန္ဒြာကျော်ဇင်ကိုကျေးဇူးတင်ကြောင်းအခုလိုပြောပြလာခဲ့ပါတယ်နော်။

ဒီအမျိုးသမီးဟာဘဝမှာဘာမှမလိုချင်တော့အောင်ပြည့်စုံနေတဲ့အမျိုးသမီးတစ်ယောက်ပေါ့၊မျိုးရိုးဂုဏ်သိမ်ပြည့်စုံကြွယ်ဝတဲ့အမျိုးသမီး၊ရုပ်ဆင်းအင်္ဂါမှာကုံလုံလှပတဲ့အမျိုးသမီး၊အနုပညာ၊အတတ်ပညာမှာအရည်အချင်းရှိတဲ့အမျိုးသမီး၊အရည်အချင်းရှိတဲ့အမျိုးသားကိုပေါင်းဖက်နိုင်တဲ့အမျိုးသမီး၊ချမ်းသာကြွယ်ဝမှုမှာလူတန်းစေ့နေနိုင်ပြီဖြစ်တဲ့အမျိုးသမီး။

ပေါင်းသင်းဆက်ဆံရေးမှာကောင်းဂုဏ်သတင်းကျော်ဇောတဲ့အမျိုးသမီး၊အလွှာအသီးသီးက ချစ်ခင်အားကျခံ​ရတဲ့အမျိုးသမီး၊ဒီလိုအစစအရာရာပြည့်စုံနေတဲ့အမျိုးသမီးကပြည်သူပေးတဲ့အားနဲ့ပြည်သူကျွေးတဲ့ထမင်းစားပြီး ရပ်တည်မှုရလာတဲ့သူမဟာပြည်သူအတွက် ရှေ့ထွက်လာခဲ့တယ်။သွေးဆိုတာရေထက်ပျစ်ပြီးမျိုးရိုးဆိုတာမတိမ်ကောကြောင်းပြခဲ့တဲ့ဒီအမျိုးသမီး၊ဒီအမျိုးသမီးကိုနှစ်ပေါင်း၂၅ နှစ်ကျော်ကျော်အားပေးခဲ့ရတာဘယ်တုန်းကမှနောင်တမရခဲ့ရဘူး၊လေးစားအတုယူရသောမင်းသမီးဆိုပြီးရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Zawgyi Version




Credit