Cele News

မိဘမဲ့ကျောင်းမှာ အလှူတွေလုပ်ရင်း ကလေးတွေနဲ့အတူ မွေးနေ့လေးကိုဖြတ်သန်းခဲ့တဲ့ သရုပ်ဆောင် နန်းခင်ဇေယျာ

မိဘမဲ့ကျောင်းမှာ အလှူတွေလုပ်ရင်း ကလေးတွေနဲ့အတူမွေးနေ့လေးကိုဖြတ်သန်းခဲ့တဲ့သရုပ်ဆောင်နန်းခင်ဇေယျာ

ပရိသတ်ကြီးရေအလှမယ်နန်းခင်ဇေယျကတော့အနုပညာနယ်ပယ်မှာနေရာတခုရရှိနေတဲ့သူတစ်ယောက်ပါ။ဒီနေ့ကတော့ နန်းခင်ဇေယျာရဲ့မွေးနေ့လေးဖြစ်ပြီး အလှူတွေလုပ်ဖြစ်တဲ့အကြောင်း အခုလိုပြောပြလာပါတယ်။

နန်းခင်ဇေယျာကဒီနှစ်ကတော့နန်းခင်ရဲ့ မွေးနေ့နံနဲ့မွေးရက်၊မွေးလ တစ်ထပ်တည်းကျတဲ့နေ့လေးမှာရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်မှာရှိတဲ့ မျိုးဆက်သစ် မိဘမေတ္တာ ပရဟိတ မိဘမဲ့ကျောင်းမှာနဝကမ္မ အလှူငွေ – ၃၀၀၀၀၀ ကျပ်၊သင်္ကန်း ပရိက္ခရာ – ၄၀၀၀၀ ကျပ်၊ကလေးများအတွက်နို့မှုန့်၊အာဟာရမှုန့်များနှင့် အထွေထွေအစားသောက်၊

ပစ္စည်းများ – ၃၀၀၀၀၀ကျပ်တို့ကို ဆပ်ကပ်လှူဒါန်းခဲ့ပြီး သားသားမီးမီးလေးတွေနဲ့ လည်း သွားရောက်တွေ့ဆုံခဲ့ပါသည်။ ယနေ့ လှူဒါန်းမှုအစုစုတို့အတွက် နန်းခင်ရဲ့ချစ်ရတဲ့သူအားလုံးလည်း ထပ်တူထပ်မျှ ရကြ၍ သာဓုအနုမောဓနာခေါ်ဆိုနိုင်ကြပါစေရှင့်ဆိုပြီးပြောပြလာတာဖြစ်ပါတယ်။

Zawgyi Version





Credit