ဆုံးပါးသွားတဲ့ အစ်ကိုဖြစ်သူရဲ့မွေးနေ့လေးမှာ သတိတရနဲ့မွေးနေ့ဆုတောင်းပေးတဲ့အပြင်လွမ်းတဲ့အကြောင်းတွေရင်ဖွင့်လာတဲ့ဗီဗာဟိန်း
ပရိသတ်ကြီးရေအဆိုတော်ဗီဗာဟိန်းကတော့ကိုဗစ်ရောဂါဆိုးကြီးကြောင့် မိဘတွေအပြင် အစ်ကိုဖြစ်သူကိုလည်းဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။အဆိုတော်ဗီဗာဟိန်းကကွယ်လွန်သွားတဲ့အကိုဖြစ်သူကို၀မ်းနည်းစွာအခုလိုမွေးနေ့ဆုတောင်းပေးလိုက်ပါတယ်နော်။
အဆိုတော်ဗီဗာဟိန်းကကိုကြီးရေ၊ငါ့ကိုမွေးနေ့လက်ဆောင်တွေတောင်းပါဦးလား၊နှစ်တိုင်းမွေးနေ့ဆိုဓားပြတိုက်သလိုတိုက်နေကြကိုကြီးဝက်သိုးလေးရေ၊အခုတော့မတောင်းတော့ဘူးလား၊ငါ့ကိုပြိတ္တာမကြီးလို့ခေါ်ပါဦးခုထိအသက်သာရှင်နေရင်ငါ့ကိုကြီး၃၇နှစ်ပြည့်မွေးနေ့ဖြစ်မှာ၊ခုတော့မွေးနေ့လက်ဆောင်ပေးချင်တာတောင်မပေးရတော့ဘူး၊ကိုကြီးကိုအရမ်းသတိရတယ်၊အရမ်းလဲချစ်တယ်။
ဖြစ်လေရာဘဝဆက်တိုင်းဘုန်းကြီးလို့အသက်ရှည်ပါစေ၊ဒီလိုအဖြစ်ဆိုးမျိုးကြီးနဲ့ဝေးပါစေဘဝတစ်ခုမှာမောင်နှမအဖြစ်နဲ့ညီမလေးရဲ့ကိုကြီးအဖြစ်နဲ့တို့မိသားစုပြန်ဆုံတွေ့ပါရစေ၊အဲ့ချိန်ကြရင်ဒီဘဝမှာထက်ပိုတဲ့ချစ်ခြင်းတွေနဲ့ကိုကြီးကိုချစ်သွားကြမယ်နော်ဆိုပြီးရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။
Zawgyi Version
Credit