မြန်မာနိုင်ငံသားအဖြစ်မှရပ်စဲခံလိုက်ရတဲ့အပေါ်သူရဲ့ခံစားချက်ကိုပြောပြလာတဲ့အဆိုတော်ဆောင်းဦးလှိုင်
ပရိသတ်ကြီးရေအဆိုတော်ဆောင်းဦးလှိုင်ကတော့စစ်အာဏာရှင်တော်လှန်ရေးကြီးမှာတတ်တတ်ကြွကြွပါဝင်နေပြီးနိုင်ငံခြားမှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲတွေလုပ်ကာ နွေဦးတော်လှန်ရေးအတွက် သိန်းထောင်ချီ ရန်ပုံငွေရှာပေးခဲ့တာလည်းဖြစ်ပါတယ်။
ဒီနေ့မှာတော့အဆိုတော် ဆောင်းဦးလှိုင်နဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းအပါအဝင် နောက်ထပ်၅ ဦးကို နိုင်ငံသားအဖြစ်မှရပ်စဲကြောင်းစစ်ကောင်စီပြန်ကြားရေးက ထုတ်ပြန်ကြေညာပါတယ်။
နိုင်ငံသားအဖြစ်မှရပ်စဲခံရတဲ့မပေါ်အဆိုတော်ဆောင်းဦးလှိုင်ကပြောပြပါရစေကျွန်တော်ဟာရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှပြည်ပသို့တရားဝင်ထွက်ခွါခဲ့တာဖြစ်ပါတယ်။ထွက်ပြေးသူ /ခိုလှုံသူ/ ဒုက္ခသည်မဟုတ်ပါ။
အရေးအကြောင်းမှာထွက်ပြေးတတ်သူတစ်ဦးလည်းမဟုတ်ပါ။ ငယ်ပေါင်းကြီးဖော်အကြောင်းသိများကိုမေးကြည့်နိုင်ပါတယ်။ပြီးတော့ အမေရိကန်နိုင်ငံကို Family Visa နဲ့ ၂၀၁၉ မှာတရားဝင် ရောက်ခဲ့ပြီး ရောက်ပြီးပြီးချင်းတစ်ပါတ်ခန့်အကြာ မှာဘဲ Green card ချက်ချင်းရပါတယ်။
အကူအညီပေးခဲ့သောလူမှုရေးနိုင်ငံရေးကိစ္စများစွာအတွက်လုပ်မစားအခွင့်အရေးမယူခဲ့သလိုကျွန်တော့်ဘဝမှာတစ်ဖွဲ့တည်းသာ အသင်းဝင်အဖြစ်ဝင်ရောက်ခဲ့ရာရန်ကုန်နာရေးကူညီမှုအသင်းဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။သစ္စာတရားတို့ဖြင်ဆောင်းဦးလှိုင်ဆိုပြီးပြောပြလာတာဖြစ်ပါတယ်။
နိုင်ငံသားအဖြစ်ကရပ်စဲကြောင်းကြေညာခံရသူတွေကတော့ အဆိုတော်ဆောင်းဦးလှိုင်၊တက်ကြွလှုပ်ရှားသူအစီအစဉ်တင်ဆက်သူ ကိုမောင်မောင်အေး၊NUG စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး၊အလုပ်သမားအရေးလှုပ်ရှားသူ ဦးမောင်မောင်(ခ) ပြည်သစ်ညွှန့်ဝေနဲ့အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် CRPH ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ဒေါ်ဖြူဖြူသင်းတို့ပဲဖြစ်ပါတယ်။
Credit