Cele News

ဖခင်ကွယ်လွန်တာ တစ်နှစ်ပြည့်တဲ့နေ့​လေးမှာ မိခင်နဲ့အတူ သာသနာ့ဘောင်ကို ဝင်​ရောက်သွားခဲ့တဲ့ အလှမယ် အေးချမ်းမိုး

ဖခင်ကွယ်လွန်တာတစ်နှစ်ပြည့်တဲ့နေ့​လေးမှာမိခင်နဲ့အတူ သာသနာ့ဘောင်ကို ဝင်​ရောက်သွားခဲ့တဲ့အလှမယ် အေးချမ်းမိုး

အလှမယ်အေးချမ်းမိုးကတော့မိခင်ဖြစ်သူနဲ့အတူ ၇ ရက်တာ သာသနာ့ဘောင်ထဲဝင်ရောက်ခဲ့တာဖြစ်ပါတယ်။အခုလိုသာသနာ့ဘောင်ထဲဝင်ရောက်ဖြစ်တာနဲ့ပတ်သက်ပြီး အလှမယ်အေးချမ်းမိုးကဆရာ​လေး ဝဏ္ဏသိင်္ဂီအဖြစ် ၇ ရက်တာသာသနာ့​ဘောင်ထဲ ဝင်​ရောက်ဖြစ်ခဲ့ပါတယ်။ဖခင်ကြီး ရာသက်ပန်ထွက်ခွာသွားခြင်း၁နှစ်ပြည့်အလှူလုပ်ပြီး ​နောက်ရက်မှာ​မေကြီးနဲ့အတူ​ကောင်းမှူကုသိုလ်​​တွေ ပိုလုပ်နိုင်ဖို့ စဥ်းစားပြီးသီလရှင်ဝတ်ဖြစ်ခဲ့ကြတယ်။

၇ရက်အတွင်းဖတ်ခဲ့ရတဲ့ဗုဒ္ဓစာ​ပေ​တွေကုသိုလ် အကုသိုလ်​အ​ကျိုးတရားတွေပုထုဇဥ်လူသားပဲ ဒီ​လောက်​တော့ ရှိမှာ​ပေါ့ဆိုပြီးထားခဲ့ဖူးတဲ့ ​လောဘ၊ ​ဒေါသ၊ ​မောဟ​တွေမ​ပြောပ​လောက်​ပေမယ့် အပြစ်ရှိတယ်ဆိုတာ သိလာရတဲ့အရာ​တွေက ​ရှေ့သံသရာအတွက် ဘယ်လို ဆက်ပြီး ရှင်သန်သွားရမယ်ဆိုတာ သိလာခဲ့ရပါတယ်။

အထူးသဖြင့်​တော့လူဖြစ်လာရခြင်းရဲ့အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ ကုသိုလ်လုပ်ဖို့မေတ္တာဘာဝနာ ပွားများဖို့ဆိုတာ​တွေက ၇ရက်အတွင်းဆို​ပေမယ့် သိပ်ကို တန်ဖိုးရှိတာပါပဲ။ဆရာ​လေးအဖြစ် ၇ရက်အတွင်း ပြုလုပ်ခဲ့တဲ့ ကုသိုလ်​တွေနဲ့ ပွားများခဲ့တဲ့ ​မေတ္တာဘာဝနာ​တွေကို ချစ်သူခင်သူ​တွေ ထပ်တူ ထပ်မျှ ရရှိ​စေဖို့ အမျှ​ပေး​ဝေပါတယ်အမျှအမျှအမျှဆိုပြီးပြောပြလာတာဖြစ်ပါတယ်။

Zawgyi Version




Credit