စစ်ကောင်စီအတွက် တိုက်ပေးနေတဲ့ BGF အရာရှိတွေနဲ့ ညစာအတူစားနေလို့အပြင်းအထန်ဝေဖန်ခံနေရတဲ့သရုပ်ဆောင်မြင့်မြတ်
ပရိသတ်ကြီးရေးသရုပ်ဆောင်မြင့်မြတ်ကတော့အာဏာသိမ်းပြီးနောက်ပိုင်းလူထုတော်လှန်ရေးကြီးမှာအနည်းငယ်သာပါဝင်ခဲ့ပြီး နှုတ်ဆိတ်နေခဲ့တာလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ကရင်ပြည်နယ်နယ်ခြားစောင့်တပ်(BGF)တို့က ကရင်ပြည်နယ်တွင်ထိုးစစ်ဆင်နေ၍ ဒေသခံပြည်သူများနေရပ်စွန့်ခွာထွက်ပြေး ဒုက္ခတွေ့နေချိန်တွင်နာမည်ကြီး သရုပ်ဆောင်မင်းသားမြင့်မြတ်က BGFအရာရှိများနှင့်ညစားစားပွဲကိုပျော်ရွှင်စွာ ပြုလုပ်နေသကိုတွေ့ရသည်။
BGF ခေါင်းဆောင်စောချစ်သူ၏လက်ရုံးဟုလူသိများသည့် ဗိုလ်မှူးနိုင်မောင်ဇော်က မြင့်မြတ်နှင့်တွဲရိုက်ထားသည့်ဓာတ်ပုံကိုယနေ့(မတ်လ ၁၁ရက်)ညတွင် လူမှုကွန်ရက်၌တင်ထားသည်။ နယ်ခြားစောင့်တပ်ဖွဲ့ (BGF)မှာအကြမ်းဖက်စစ်ကောင်စီတပ်သြဇာခံသောအဖွဲ့များဖြစ်သည်။ကရင်ပြည်နယ်တွင်KNUလက်အောက်ခံKNLA တပ်နှင့် PDF များကိုစစ်ကောင်စီတပ်နှင့်ပူးပေါင်းတိုက်ခိုက်နေသောတပ်များဖြစ်သည်။
Facebook လူမှုကွန်ရက်ကိုမြစ်သံလွင်အမည်ဖြင့်အသုံးပြုနေသည့် နိုင်မောင်ဇော်က မြင့်မြတ်၊Kညီတို့နှင့်တွဲရိုက်ထားသည့်ဓာတ်ပုံကို တင်ကာDinner အတွက်ကျေးဇူးပါ ညီလေးဟုယနေ့ညတွင်ရေးသားထားသည်။ပရိသတ်တွေကပြည်သူတွေမျက်နှာမထောက်တဲ့ သရုပ်ဆောင်မြင့်မြတ်နဲ့ K ညီကို အပြင်းအထန်ဝေဖန်နေကြတာလည်းဖြစ်ပါတယ်။
Zawgyi Version
ပရိသတ္ႀကီးေရးသ႐ုပ္ေဆာင္ျမင့္ျမတ္ကေတာ့ အာဏာသိမ္းၿပီးေနာက္ပိုင္း လူထုေတာ္လွန္ေရးႀကီးမွာ အနည္းငယ္သာပါဝင္ခဲ့ၿပီး ႏႈတ္ဆိတ္ေနခဲ့တာလည္းျဖစ္ပါတယ္။ဒီေန႕မွာေတာ့အၾကမ္းဖက္စစ္ေကာင္စီတပ္ႏွင့္ ကရင္ျပည္နယ္နယ္ျခားေစာင့္တပ္(BGF)တို႔က ကရင္ျပည္နယ္တြင္ ထိုးစစ္ဆင္ေန၍ ေဒသခံျပည္သူမ်ားေနရပ္စြန့္ခြာထြက္ေျပး ဒုကၡေတြ႕ေနခ်ိန္တြင္ နာမည္ႀကီး သ႐ုပ္ေဆာင္မင္းသားျမင့္ျမတ္က BGFအရာရွိမ်ားႏွင့္ ညစားစားပြဲကိုေပ်ာ္႐ႊင္စြာ ျပဳလုပ္ေနသကို ေတြ႕ရသည္။
BGF ေခါင္းေဆာင္ ေစာခ်စ္သူ၏ လက္႐ုံးဟု လူသိမ်ားသည့္ ဗိုလ္မႉးနိုင္ေမာင္ေဇာ္က ျမင့္ျမတ္ႏွင့္ တြဲရိုက္ထားသည့္ ဓာတ္ပုံကို ယေန႕(မတ္လ ၁၁ရက္)ညတြင္ လူမႈကြန္ရက္၌ တင္ထားသည္။ နယ္ျခားေစာင့္တပ္ဖြဲ႕ (BGF)မွာ အၾကမ္းဖက္စစ္ေကာင္စီတပ္ ၾသဇာခံေသာအဖြဲ႕မ်ားျဖစ္သည္။ကရင္ျပည္နယ္တြင္ KNUလက္ေအာက္ခံKNLA တပ္ႏွင့္ PDF မ်ားကို စစ္ေကာင္စီတပ္ႏွင့္ပူးေပါင္းတိုက္ခိုက္ေနေသာတပ္မ်ားျဖစ္သည္။
Facebook လူမႈကြန္ရက္ကို ျမစ္သံလြင္အမည္ျဖင့္ အသုံးျပဳေနသည့္ နိုင္ေမာင္ေဇာ္က ျမင့္ျမတ္၊Kညီတို႔ႏွင့္တြဲရိုက္ထားသည့္ ဓာတ္ပုံကို တင္ကာDinner အတြက္ေက်းဇူးပါ ညီေလးဟု ယေန႕ညတြင္ေရးသားထားသည္။ပရိသတ္ေတြက ျပည္သူေတြမ်က္ႏွာမေထာက္တဲ့ သ႐ုပ္ေဆာင္ျမင့္ျမတ္နဲ႕ K ညီကို အျပင္းအထန္ေဝဖန္ေနၾကတာလည္းျဖစ္ပါတယ္။
Credit