စိတ်ဓာတ်ကျနေတဲ့အချိန်တွေမှာတော့သမီးလေးရှိသေးတယ်ဆိုတဲ့စိတ်နဲ့အားတင်းထားရကြောင်းပြောလာတဲ့သက်မွန်မြင့်
ပရိသတ်ကြီးရေသရုပ်ဆောင်သက်မွန်မြင့်ကတော့မြန်မာနိုင်ငံရဲ့အောင်မြင်နေတဲ့ထိပ်တန်းမင်းသမီးတွေထဲကတစ်ယောက်အပါအဝင်ဖြစ်ပါတယ်။
လက်ရှိမှာသရုပ်ဆောင်သက်မွန်မြင့်ကသဘောထားပြည့်ဝတဲ့ခင်ပွန်းနဲ့ချစ်စရာသားနဲ့သမီးလေးကိုပိုင်ဆိုင်ထားပြီး ပြီးပြည့်စုံတဲ့မိသားစုဘဝလေးကိုတည်ဆောက်နေတာလည်းဖြစ်ပါတယ်။
သက်မွန်မြင့်ကကိုယ့်မှာ စိတ်မာ အကြောမာ အမေကို အရမ်းချစ်တဲ့ သမီးလေးရှိတာ ကံကောင်းမှုထဲက တခုပါပဲ!နေတွေမကောင်း စိတ်ကျပြီး ဝမ်းနည်းလို့ မျက်ရည်ကျချိန် မေမေ ဘာလို့ငိုတာလဲသမီးဘာလုပ်ပေးရမလဲနဲ့တစ်ရှုးပြေးယူပြီးသုတ်သုတ်ပေးတာ၊အာဘွားတွေပေးတာ၊သူတို့လေးတွေနဲ့ရှင်သန်ရတယ်။သူတို့ဘဝလေးတွေ လှပဖို့ အမေတစ်ယောက်ရဲ့တာဝန်ဝတ္တရားတွေကျေပွန်ဖို့ ချစ်ခြင်းမေတ္တာတွေနဲ့ ပြုစုပျိုးထောင်ပေးရဦးမယ်ဆိုပြီးပြောပြလာတာဖြစ်ပါတယ်။
Zawgyi Version
Credit