Cele News
မြန်မာအနုပညာလောကရဲ့ ဖက်ရှင်ဘုရင်မ ၂ ပါး သို့မဟုတ် စစ်အာဏာရှင်ကို ရဲရဲဝင့်ဝင့် တော်လှန်ရဲတဲ့ မင်းသမီးနှစ်ဦးအကြောင်း
မြန်မာအနုပညာလောကရဲ့ ဖက်ရှင်ဘုရင်မ ၂ ပါး သို့မဟုတ် စစ်အာဏာရှင်ကို ရဲရဲဝင့်ဝင့်တော်လှန်ရဲတဲ့မင်းသမီးနှစ်ဦးအကြောင်း
နှစ်ပေါင်း ၂၀ ကျော် မြန်မာ့ရုပ်ရှင်လောကမှာရပ်တည်လာခဲ့ပြီး လက်ရှိအချိန်အထိအောင်မြင်မှုကိုထိန်းသိမ်းထားနိုင်တဲ့အိန္ဒြာကျော်ဇင်ဟာသူမရဲ့ fashionကလည်းမြန်မာ့အမျိုးသမီးထုအပေါ်မှာလည်းအရမ်းကိုလွှမ်းမိုးမှုရှိခဲ့တယ်လို့မြန်မာ့သတင်းမီဒီယာတွေမှာဖော်ပြခံခဲ့ရပါတယ်။မြန်မာပြည်မှာ ကျင်းပခဲ့တဲ့ ဖက်ရှင်ပွဲတွေမှာလည်းဖက်ရှင်အကျဆုံးမင်းသမီးစာရင်းမှာအမြဲပါဝင်လေ့ရှိပါတယ်။
မြန်မာ့ဂီတလောကမှာလည်းဖြူဖြူကျော်သိန်းရဲ့ဖက်ရှင်တွေဟာအရမ်းကိုပြိုင်ဘက်ကင်းလှပါတယ်။ဖြူဖြူဟာ မြန်မာ့ပရိသတ်တွေရဲ့ အမြင်မှာထူးခြားဆန်းပြားတဲ့ဖက်ရှင်တွေနဲ့ပွဲထွက်ခဲ့ပြီးလက်ရှိအချိနိအထိလည်းသူမရဲ့ Fashion တွေနဲ့ပတ်သက်ပြီး ပြည်တွင်းမှာသာမကပြည်ပ မီဒီယာတွေရဲ့ချီးကျုးသမုတ်ခြင်းကိုအမြဲခံရလေ့ရှိပါတယ်။
သူမတို့ ၂ ဦးမှာတူညီတဲ့အချက်လေးတွေလည်းရှိပါတယ်။မအူဝဲ နဲ့ မဖြူတို့ဟာ april born တွေဖြစ်ကြပြီးTaurus sign တွေဖြစ်ကြပါတယ်။အိန္ဒြာကျော်ဇင်ဟာမြန်မာပြည်မှာ Online mediaတွေခေတ်မစားခင်printed meadia ခေတ်ကတည်းက နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေကို တက်ရောက်ခွင့်ရရှိခဲ့တဲ့သူပါ။ဖြူဖြူဟာလည်း သူမရဲ့ carrer အစမှာကတည်းကနိုင်ငံတကာဖျော်ဖြေပွဲတွေမှာ ပါဝင်ဖျော်ဖြေခွင့်ရခဲ့ပါတယ်။မအူဝဲနဲ့မဖြူရဲ့နောက်ထပ်တူညီတဲ့အချက်လေးကတော့သူမတို့ ၂ ယောက်ကို ဖက်ရှင်နဲ့ပတ်သက်ပြီး အနီးကပ်ပံ့ပိုးပေးတဲ့သူတွေဟာသူမတို့ရဲ့ အစ်မတွေဖြစ်ကြပါတယ်။ဒါအပြင်စစ်အာဏာရှင်တော်လှန်ရေးလူထုလှုပ်ရှားမှုကြီးမှာလည်းတတ်တတ်ကြွကြွပါဝင်ခဲ့ကြတဲ့သူနှစ်ဦးပါ။
Zawgyi Version
Credit