ပဲခူးမြို့ကမီးဘေးသင့်ပြည်သူများအတွက်အလှူငွေများ လှူဒါန်းပေးခဲ့တဲ့ သရုပ်ဆောင်ဘေဘီမောင်တို့ဇနီးမောင်နှံ
ပရိသတ်ကြီးရေသရုပ်ဆောင်ဘေဘီမောင်ကတော့မကြာသေးမီကမှ အဆိုတော်သားဂန်းနဲ့ ချစ်သူတွေအဖြစ်ကနေ တရားဝင်ရွှေလက်တွဲပြီး လက်ထပ်ထမ်းမြားခဲ့တာဘဲဖြစ်ပါတယ်။
အခုဆိုရင်သရုပ်ဆောင်ဘေဘီမောင်ကတော့ သားဂန်းရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီးမိသားစုဘဝလေးကိုအပြည့်အဝပိုင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ဒီနေ့မှာတော့သရုပ်ဆောင်တို့ဇနီးမောင်နှံက ပဲခူးက မီးဘေးသင့်ပြည့်သူတွေအတွက် အလှူငွေလှူဒါန်းဖြစ်ပုံကိုအခုလိုပြောပြလာတာလည်းဖြစ်ပါတယ်။
ဘေဘီမောင်ကပဲခူးမြို့သီရိဇေယျာဘုန်းတော်ကြီးသင်ကျောင်းမှာမီးဘေးသင့်ပြည်သူတွေအတွက်သားဂန်း+ဘေဘီမောင် ၃သိန်းဂျပန်နိုင်ငံနေ ဦးသန့်ဇင်အောင် ၁သိန်း၊ဒေါ်မူမူအေး၅သောင်း၊သံစဉ်မောင်၅သောင်း၊စုစုပေါင်း အလှူငွေ ၅သိန်းလှူဒါန်းခဲ့ပါတယ်ရှင့်ကုသိုလ်များထပ်တူရကြပါစေရှင့်ဆိုပြီးအလှူလေးကိုမျှဝေထားတာဖြစ်ပါတယ်။
Zawgyi Version
Credit