နေအိမ်ကို သေနတ်နဲ့ပစ်ခံရတာတောင် သွေးပျက်မသွားဘဲ တော်လှန်ရေးမှာ ပါရမီဖြည့်ပေးတဲ့ချစ်ဇနီးလေးအတွက်မွေးနေ့ဆုတောင်းပေးလာတဲ့ကိုပေါက်
ပရိသတ်ကြီးရေဒါရိုတ်တာကိုပေါက်ကတော့ စစ်အာဏာရှင်တော်လှန်ရေးကြီးမှာ ရဲရဲဝင့်ဝင့်ပါဝင့်နေတဲ့သူတစ်ယောက်ပါ။ဒီနေ့မှာတော့ ကိုပေါက်က တော်လှန်ရေးကြီးမှာစ်တ်ဖြောင့်ဖြောင့်ပါဝင်နိုင်ဖို့ နောက်ကနေပံ့ပိုးပေးတဲ့ ချစ်ဇနီးရဲ့မွေးနေ့လေးမှာဆုတောင်းပေးရင်း အခုလိုရင်ဖွင့်လာတာဖြစ်ပါတယ်။ကိုပေါက်ကမွေးနေမှာ အသက်ရှည်အောင် ကျန်းမာအောင်နေပေးခဲ့တဲ့အတွက်ကျေးဇူးပါချစ်သူမွေးနေ့မှာကျန်းမာပါစေ။ကျနော်ဒီတော်လှန်ရေးခရီး ဒီအချိန်အထိ မှန်မှန်လျှောက်နိုင်ဖို့ဆိုတာ ကျနော်ချစ်ရတဲ့ သူ့ရဲ့ ရဲရင့်ပြတ်သားတဲ့ စိတ်ဓာတ်တွေသာမရှိခဲ့ရင် သူများတွေလိုခံဝန်ထိုးပြီး ဖာသိဖာသာ နေဖြစ်နေမလားကျနော်မသိပါဘူး။သူကမိန်မသားဆိုတော့ တစ်ခါတစ်ခါ သိမ်ငယ်တတ်တယ်၊အားငယ်တတ်ပါတယ်။
ဒါပေမယ့်သူ့ရဲ့စိတ်ဓာတ်တွေကကျောက်ဆောင်တစ်ခုလို ခိုင်မာပြီးဒီတော်လှန်ရေးအတွက်တော့ ကျနော့ရဲ့ အမာခံ နောက်တန်းခံစစ်မှူး ဖြစ်ခဲ့တယ်။အနုပညာရှင်တော်လှန်ရေးသမားတွေရဲ့ ဇနီးတွေထဲမှာစစ်ကောင်စီနဲ့ပျူစောထီးတွေကသေနတ်နဲ့လာပြီး ပစ်ခံရတာ ဒါရိုက်တာကိုပေါက် မိန်းမနဲ့ကျနော့သား၂ယောက်ပဲရှိပါတယ်။သူတို့တွေသာ အိမ်အပြင်ခြံထဲမှာသာ ရှိနေခဲ့ရင် ကျနော့မိသားစုဘဝက မတွေးဝံ့စရာပါ။အခုကျနော်တို့မိသားစု ရိုးရိုးသားသား ဖြူဖြူစင်စင်နဲ့ရှာဖွေစုဆောင်းခဲ့တဲ့ အိမ်ကိုချိတ်ပိတ်ခဲ့လို့ ပြန်စရာအိမ်လည်းမရှိတော့ဘူး။သားငယ်လေးကတစ်ခါတစ်ခါမေးတယ်။
ဒီအချိန်ကာလကြီးက ဘယ်တော့ပြီးမှာလဲပါပါး တဲ့။သားငယ်လေး မေးခွန်းအတွက်ကျနော့ရင်ဘတ်တွေ နာကျင်ရပါတယ်။ကျနော်မောင်းတဲ့ကားကိုစီးပြီးသူတို့က သူတို့ကရှုတင်ကိုလိုက်ချင်တာတဲ့လေဘယ်တော့ပြီးမယ်မှန်း မသိတဲ့တော်လှန်ရေးအတွက်ကျနော်ဖြေစရာစကားက တစ်နေ့ဖြစ်လာမှာပေါ့ သားရယ်လို့ပဲဖြေခဲ့ရတယ်။ကျနော်ချစ်ရတဲ့သား၂ယောက်ကို ကျန်းမာအောင် အသက်ရှင်အောင် ပြုစုပေးရတာ ဒီခေတ်ကြီးမှာကျနော်ချစ်ရတဲ့ ဇနီးအတွက် အများကြီး ခက်ခဲပါတယ်။ကျနော်သူ့ကိုချစ်တယ်။ကျနော် သူ့ကိုကျေးဇူးတင်တယ်။ဒီတော်လှန်ရေးခရီးကိုကျနော်တို့မိသားစု ရဲရဲရင့်ရင့်ဆက်လျှောက်ပါအုံးမယ်။
Zawgyi version
Credit