Cele News

ဖခင်ကွယ်လွန်တာ(၈)လပြည့်တဲ့နေ့လေးမှာ တစ်ချိန်ကအမှတ်တရတွေကို ဝမ်းနည်းပြောပြလာတဲ့ အလှမယ် ထားထက်ထက်

ဖခင်ကွယ်လွန်တာ(၈)လပြည့်တဲ့နေ့လေးမှာ တစ်ချိန်ကအမှတ်တရတွေကိုဝမ်းနည်းပြောပြလာတဲ့အလှမယ်ထားထက်ထက်

ပရိသတ်ကြီးရေသရုပ်ဆောင်ထားထက်ထက်ကတော့ စစ်အာဏာရှင်တော်လှန်ရေးကြီးမှာပါဝင်ခဲ့တာကြောင့်ဖခင်ကြီးကွယ်လွန်သွားတာတောင် နောက်ဆုံးအနေနဲ့တွေ့ခွင့်မရလိုက်ဘဲဝမ်းနည်းနေခဲ့ရတာဖြစ်ပါတယ်။ဒီနေ့မှာတော့ ဖခင်ကြီး (၈)လပြည့်လေးမှာ တချိန်ကအမှတိတရတွေကိုဝမ်းနည်းစွာပြောပြလာတာဖြစ်ပါတယ်။

ထားထက်ထက်က8 months ၊ရှင်သန်ဖို့အတွက် ကြိုးစားနေရတာမဟုတ်ပဲရှင်သန်နေလို့ မဖြစ်မနေ ရုန်းကန်နေရတာမျိုးထုတ်ပြောဖို့အတွက်တောင် သိပ်ပင်ပန်းလွန်းနေလို့ထုတ်မပြောနိုင်ပေမယ့်ရင်ထဲမှာတော့ဝမ်းနည်းနာကျင်စရာနဲ့ပင်ပန်းစရာတွေက အပြည့်ပဲ။သူ့ကျန်းမာရေးကြောင့် အလုပ်ကိစ္စကလွဲရင်ခရီးသိပ်မသွားဖြစ်တဲ့ အဖေ့ကို အပန်းဖြေခရီးသွားဖို့နဲ့ဗုဒ္ဓဂါယာသွားဖို့တော်တော်ညှိနှိုင်းပြောခဲ့ရတာ၊ဗုဒ္ဓဂါယာသွားမယ်ဆိုပြီး ကတိပေးထားတာ မတည်နိုင်ခဲ့ဘူး

အသက်တွေကြီးလာ ၊ကိုယ့်အလုပ်နဲ့ကိုယ်ဖြစ်လာတဲ့အခါမှာငယ်ငယ်တုန်းကလို မိသားစုလိုက် ခရီးသွားဖို့ဆိုတာ မလွယ်ကူတော့အပန်းဖြေခရီးလှတဲ့နေရာတခုသွားဖြစ်အောင်မနည်းစီစဉ်ခေါ်ခဲ့ရတာအဖေနဲ့အတူတူသွားရတဲ့ နောက်ဆုံးခရီးဖြစ်ခဲ့ရလိမ့်မယ်လို့ မထင်ခဲ့ဘူး…

ခရီးတောက်လျှောက်ကိုယ်ကနေမကောင်းဖြစ်လမ်းလျှောက်ဖို့တောင် အားမရှိ ပင်ပန်းလွန်းနေတော့အဖေနဲ့ကိုယ်နဲ့ ၂ ယောက်ထဲ ဖြည်းဖြည်းချင်း နောက်ဆုံးကနေလမ်းလျှောက်ရင်းဖေသမီးရဲ့ life က ဖေနဲ့တူတယ်ထင်တယ် ၊ပင်ပန်းလွန်းတယ် ဘယ်အရာမှ လွယ်လွယ်မရအရမ်းခက်ခဲတယ် ဆိုတော့ဘာဖြစ်လို့လဲတဲ့အခုဆိုပဲကြည့်လေသမီးကအလုပ်ကိစ္စ၊ရိုက်ကူးရေးနဲ့ပဲခရီးသွားဖြစ်တာများတယ်။

ဘာအလုပ်မှမပါပဲအေးဆေးအပန်းဖြေခရီးအခုမှထွက်ဖြစ်တာ ၊ အဲ့ဒါကိုအခု လမ်းလျှောက်ရတာတောင် မလျှောက်နိုင်အောင် နေမကောင်းဖြစ်နေတော့ပျော်ရတာထက်ပင်ပန်းရတာပါပဲသူများတွေအတွက် မြင်သမျှ တွေ့သမျှ လှပနေတဲ့တောင်တွေ ၊ပင်လယ်တွေနဲ့ ဘာလီကျွန်းလိုနေရာကသမီးအတွက်တော့ ဘာမှမလှနိုင် ၊မောပန်းပြီး ပင်ပန်းစရာကြီးကိုဖြစ်လို့ ၊ နောက်တခါဘယ်တော့မှမသွားချင်လောက်အောင်ပဲ ဆိုတော့ မျက်နှာကိုသေချာကြည့်ပြီး ရီတယ်ပြန်မရတော့မယ့် အမှတ်တရပဲ

ငယ်ငယ်ကတည်းက ဘဝကိုပင်ပင်ပန်းပန်း ရိုးရိုးသားသားနဲ့ ရုန်းကန်ပြီး ကြီးပြင်းလာရတဲ့အဖေက သူ့ဘဝဘယ်လောက်ခက်ခဲပင်ပန်းလဲ ၊လူတွေဘယ်လောက်အနိုင်ကျင့်တာနှိမ်တာခံခဲ့ရလဲ ဆိုတဲ့ ကြုံဆုံခဲ့ရတဲ့ဇာတ်ကြောင်းတွေအများကြီးပြောပြခဲ့ဖူးပေမယ့် သားသမီးတွေရှေ့မှာငိုတာတခါမှမမြင်ဖူးခဲ့ဘူးသိပ်ကိုခံနိုင်ရည်ရှိပြီးလူတိုင်းအပေါ်ကောင်း ၊ သည်းခံတတ်ပြီး သဘောထားပြည့်ဝတဲ့အဖေနေ့တိုင်းသတိရတယ်၊နေ့တိုင်း မေတ္တာပို့တယ်၊နေ့တိုင်းလွမ်းတယ်။

Credit