သူမကို အလိုလိုက်ပြီး ပျော်ရွှင်အောင်ထားတဲ့ ခင်ပွန်းကောင်းရထားတာမို့ကိုယ့်ကိုကိုတောင်ဘုရင်မလို့ခံစားရတယ်လို့ရင်ဖွင့်လာတဲ့ ဘေဘီမောင်
ပရိသတ်ကြီးရေသရုပ်ဆောင်ဘေဘီမောင်ကတော့ အဆိုတော်သားဂမ်းနဲ့ချစ်သူတွေအဖြစ်ကနေ တရားဝင်လက်ထပ်ထိမ်းမြားခဲ့ပြီး ရင်သွေးလေးပါပိုင်ဆိုင်ထားပြဖြစ်ပါတယ်။ဒီနေ့မှာတော့ သရုပ်ဆောင်ဘေဘီမောင်ကခင်ပွန်းကောင်းကိုရထားလို့ သူမကိုယ် သူမ ဘုရင်မလိုတောင်ခံစားရကြောင်းအခုလိုပြောပြလာတာဖြစ်ပါတယ်။မိန်းမကို အလိုလိုက်နိုင်တဲ့ယောက်ျားပျော်ရွှင်မှုကို ရသွားတယ်။မိန်းမကို ပျော်အောင်ထားနိုင်တဲ့ယောက်ျားစိတ်၏ချမ်းသာမှုကို ရသွားတယ်။
မိန်းမ စကား နားထောင်နိုင်တဲ့ ယောက်ျား အကြံညဏ်ကောင်းတွေရပြီး အောင်မြင်မှု ရသွားတယ်။မိန်းမ ကို ပိုက်ဆံပေးသုံးနိုင်တဲ့ ယောက်ျားကြီးပွားချမ်းသာမှုကို ရသွားတယ် ။မိန်းမ ကို သည်းခံနိုင်တဲ့ ယောက်ျား ကိုယ်၏ ကျန်းမာမှုကို ရသွားတယ်။မိန်းမ ဘာသာရေး ကိုင်းရှိုင်းတာ အားပေးနိုင်တဲ့ ယောက်ျားကိုယ်တိုင်လည်း ကောင်းမူကုသိုလ်တွေရသွားတယ်။
မိန်းမ ကို မိဘုရားလိုထားနိုင်တဲ့ ယောက်ျား ကိုယ်တိုင်လည်း ဘုရင်လို ခံစားသွားရတယ်။မိသားစုကို ချစ်မြတ်နိုးတဲ့ ယောက်ျား မိသားစုရဲ့ လေးစားခြင်းကို အပြည့်အဝရရှိသွားတယ်ဆိုပြီးပြောပြလာတာဖြစ်ပါတယ်။
Zawgyi Version
Credit