Cele News

ကိုယ်တိုင်ကြိုးစားလို့ ငွေတွေ သုံးလာနိုင်တာကို လိုက် blame ပြီး မနာလိုတဲ့သူတွေကို ထိထိမိမိပြန်ပြောလာတဲ့ သရုပ်ဆောင်နှိုင်းယှဥ်မြင့်မိုရ်

ကိုယ်တိုင်ကြိုးစားလို့ ငွေတွေ သုံးလာနိုင်တာကို လိုက် blame ပြီးမနာလိုတဲ့သူတွေကိုထိထိမိမိပြန်ပြောလာတဲ့သရုပ်ဆောင်နှိုင်းယှဥ်မြင့်မိုရ်

ပရိသတ်ကြီးရေသရုပ်ဆောင်နှိုင်းယှဥ်မြင့်မိုရ်ကတော့အနုပညာနယ်ပယ်မှာဇာတ်ပို့အနေနဲ့သာလူသိများလာခဲ့ပေမယ့် live လွှင့်ပြီးစျေးရောင်းတဲ့နေရာမှာတော သူမတူအောင်အောင်မြင်လာတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ နှိုင်းယှဥ်ကသူများရဲ့အောင်မြင်မှုကိုမနာလိုပြီးလိုက် blame နေတဲ့သူတွေကိုထိထိမိမိပြန်ပြောလာတာဖြစ်ပါတယ်။

နှိုင်းယှဥ်ကခုလက်ရှိမှာ သုံးနိုင်နေတဲ့သူတစ်ယောက်ကို အရင်တုန်းက မနေဖူးမစားဖူးဘူးလို့ blame လိုက်တာဟာ ဒီလူက ဒီကာလတွေမှာ develop ဖြစ်ခဲ့တယ်လို့ပြောလိုက်ခြင်းပါပဲ လူတွေက ရပ်တန့်နေကြလို့လား။အရင်က key pad ကိုင်တဲ့သူက နောက် ၃ နှစ်မှာ i phone ကိုင်တာဟာအရင် ၃ နှစ်က မသုံးဖူးမစားဖူးတာလို့သုံးနှုန်းခွင့်မရှိပါဘူး ။ဒါဟာ ၃နှစ်အတွင်း development ပါ။ဒီလူကနောက် ၃နှစ်မှာလည်းထပ်တိုးတတ်သွားဦးမှာပါပဲ ။ကြိုးစားလာပြီးသုံးနိုင်လာတဲ့သူတွေဟာ blame စရာမဟုတ်ပါဘူးတစ်နေရာထဲမှာ ရပ်တန့်နေတာကသာ မဖြစ်သင့်တာပါ။၂၀၁၈မှာလည်းဒီအနေအထား ၂၀၂၂မှာလည်းဒီအနေအထားဆိုရင်တော့ကိုယ်ဘာကိုယ်အသုံးမကျဘူးလို့မှတ်ပါ ။

လူတစ်ယောက်ဖြစ်လာပြီဆိုရင်ဒီနေ့ဟာမနေ့ကထပ်ပိုကောင်းနေရမယ်ဒီနှစ်ဟာမနှစ်ကထပ်ပိုအဆင်ပြေနေရမယ်နေ့ရက်တွေကုန်ဆုံးလာလေကိုယ့်မှာရှိသင့်တဲ့အရာတွေပိုလာလေဖြစ်သင့်တာပါ။ဘယ်ကိုမှအမှီသဟဲမလုပ်ပဲတိုးတတ်လာတဲ့သူတိုင်းက development တိုင်းကိုလိပ်ပြာလုံစွာဂုဏ်ဆာလို့ရပါတယ်။ဒါဟာ blame စရာမဟုတ်ပါဘူး ။များများကြိုးစားပါများများဂုဏ်ဆာပါ။ရပ်တန့်နေတဲ့မနာလိုသူတိုင်း လောင်ကြပါစေ။

Zawgyi Version

ပရိသတ်ကြီးရေသရုပ်ဆောင်နှိုင်းယှဉ်မြင့်မိုရ်ကတော့ အနုပညာနယ်ပယ်မှာဇာတ်ပို့အနေနဲ့သာလူသိများလာခဲ့ပေမယ့် live လွှင့်ပြီးဈေးရောင်းတဲ့နေရာမှာတော သူမတူအောင်အောင်မြင်လာတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။



Credit