ဒီနေ့ ရုံးချိန်းမှာသရုပ်ဆောင်ဝေဠုကျော်ကသူမရဲ့ညစ်ညမ်းပုံတွေ သက်သေအဖြစ်တင်သွင်းလို့ သိက္ခာပိုင်းဆိုင်ရာထိခိုက်တယ်ဆိုတဲ့ သင်းသင်း
ပရိသတ်ကြီးရေသရုပ်ဆောင်ဝေဠုကျော်ကိုအလှမယ်သင်းသင်းက ကာမလိမ်လည်မှုနဲ့တရားစွဲထားတာလည်းဖြစ်ပါတယ်။ဒီနေ့ရုံးချိန်းမှာတော့သရုပ်ဆောင်ဝေဠုကျော်က သူမရဲ့ညစ်ညမ်းပုံတွေကို သက်သေအဖြစ်တင်သွင်းလို့ သိက္ခာပိုင်းဆိုင်ရာ အရမ်း ထိခိုက်ရတယ်လို့ သင်းသင်းကပြောလာတာလည်းဖြစ်ပါတယ်။
သင်းသင်းကဒီနေ့ကတော့ ဒုတိယ သက်သေခံတင်သွင်းတဲ့အနေနဲ့ ဝေဠုကျော်တို့ဘက်စစ်တာ။အဲဒါကျမကို ညစ်ညမ်းပုံတွေနဲ့ တိုက်ခိုက်လာလို့ ဒီနေ့ နည်းနည်းစိတ်အနှောင့်အယှက် ဖြစ်ရတယ်။ ဒါကြီးကအရမ်းကိုအောက်တန်းကျတဲ့နည်းနဲ့တိုက်ခိုက်နေတာ။
ကျမကပြည့်တန်ဆာမဟုတ်တဲ့အတွက်ဒါကအရမ်းတရားလွန်တာပေါ့။ အမှုနဲ့ သက်ဆိုင်တာကို မသွားဘဲနဲ့ ကျမရဲ့သိက္ခာပိုင်းဆိုင်ရာအရမ်းထိခိုက်တယ်။အဆိုပါတင်သွင်းသည့် ပုံများမှာ သိက္ခာကျစေရန်ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေခြင်းဖြစ်ကြောင်းလည်းသင်းသင်းကပြောဆိုသည်။
Zawgyi Version
Credit