ပြည်သူအစိုးရက စီစဥ်ရိုတ်ကူးတဲ့ဇာတ်ကားကြီးမှာအားဖြည့်ကူညီပေးသွားမယ့်သရုပ်ဆောင်ဒေါင်း
ပရိသတ်ကြီးရေသရုပ်ဆောင်ဒေါင်းကတော့စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူတော်လှန်ရေးကြီးမှာတတ်နိုင်တဲ့ဘက်က ပါဝင်ကူညီပေးနေတာလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ကာကွယ်ရေးဝန်ကြီးဌာနနှင့် PVTV တို့ ပူးပေါင်းတင်ဆက်တော်လှန်ရေးဆိုသည်မှာ ဇာတ်ကားကိုမင်းသားဒေါင်း ၊ သွန်းသွန်း၊ ခန့်တို့က ပါဝင်အားဖြည့်ကူညီပေးထားတာလည်းဖြစ်ပါတယ်။
ဇာတ်ကားအကျဥ်းကတော့ဗိုလ်ကြီးစနေကသူ့ရဲ့ရဲဘော်ရဲဘက် PDF တပ်သားတွေ လက်ရုံးရည်ပါမကနှလုံးရည်ပါပြည့်ဝစေဖို့ သူဖတ်မှတ်လေ့လာသိရှိထားခဲ့တဲ့ကမ္ဘာ့သမိုင်းထဲက တော်လှန်ရေးတွေအကြောင်းရှားရှားပါးပါး အားလပ်ချိန်တွေမှာပြောပြဆွေးနွေးလေ့ရှိပါတယ်။
ခေတ်အဆက်ဆက်ဗိုလ်ကျကြီးစိုးခဲ့တဲ့စစ်ဘီလူးတို့ရဲ့ခေတ်ကိုအမြစ်ဖြတ်မယ့်မြန်မာ့နွေဦးတော်လှန်ရေးအကြောင်းတွေပါတယ်။စောင့်မျှော် ကြည့်ရှုခံစားကြရင်းတော်လှန်ရေးအတွက်အားတင်းရှေ့ဆက်ကြပါစို့။လာမည့် ဧပြီ(၃)ရက်၊ တနင်္ဂနွေနေ့ ည(၇) နာရီအချိန်မှ စတင်၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။
Zawgyi Version
ခေတ်အဆက်ဆက်ဗိုလ်ကျကြီးစိုးခဲ့တဲ့ စစ်ဘီလူးတို့ရဲ့ခေတ်ကိုအမြစ်ဖြတ်မယ့်မြန်မာ့ နွဦေးတော်လှန်ရေးအကြောင်းတွေပါတယ်။
Credit