Cele News

ခံယူချက်တွေ မပြောင်းလဲဘဲ ဒီနေ့အချိန်ထိ အနုပညာအလုပ်တွေအားလုံးကို ရပ်နားထားတဲ့ မင်းသားချော ခါရာရဲ့ မွေးနေ့

ခံယူချက်တွေ မပြောင်းလဲဘဲ ဒီနေ့အချိန်ထိ အနုပညာအလုပ်တွေအားလုံးကို ရပ်နားထားတဲ့ မင်းသားချော ခါရာရဲ့ မွေးနေ့

ပရိသတ်ကြီးရေ မင်းသားချောခါရာကတော့ လူထုလှုပ်ရှားမှုကြီးမှာ တတ်တတ်ကြွကြွပါဝင်ခဲ့ပြီး ပြည်သူဘက်ကရပ်တည်ခဲ့တာလည်းဖြစ်ပါတယ်။ခါရာကတော့ လက်ရှိအချိန်ထိ အနုပညာအလုပ်တွေအားလုံးကို ရပ်နားထားတာလည်းဖြစ်ပါတယ်။ဒီနေ့ကတော့ မင်းသားချောခါရာရဲ့ မွေးနေ့ရက်မြတ်လေးဘဲဖြစ်ပါတယ်။

သရုပ်ဆောင် ခါရာရဲ့ မွေးနေ့လေးမှာ အမာခံပရိသတ်တစ်ဦးက Coup အစမှာလည်း အခြားပြည်သူ့အနုပညာရှင်တွေနဲ့အတူ ရဲရဲတောက်ရှေ့ထွက်ရပ်တည်ပေးခဲ့တယ်။

စကစ နဲ့ ပတ်သတ်သမျှ အလုပ်တွေ၊ ကားရိုက်တွေ ၊ ကြော်ငြာတွေရဲ့ စာချုပ်စာတမ်းတွေကိုလည်း တရားဝင် ဖျက်သိမ်းကြောင်း ရဲရဲဝင့်ဝင့်ကြေညာခဲ့တယ်။ ခါရာက သူလုပ်နိုင်တာကိုပဲ သူပြောတယ်။ သူပြောတဲ့ သူ့ခံယူချက်အတိုင်းပဲ သူမပျက်မကွက်လုပ်တယ်။

အခုချိန်ထိလည်း ဘာအနုပညာအလုပ်၊ ကြော်ငြာရိုက်၊ ဇာတ်ကားရိုက် တွေမှ မလုပ် ၊အလှပုံ တင်တာမျိုးတွေတောင် မလုပ်ပဲ တမင် No income, No activity နဲ့ တမင်ငြိမ်ပြီး နေပေးတယ်။ ဒါမျိုးကို ရပ်တည်ချက်ခိုင်မာတဲ့ Resistance Artist လို့ခေါ်တယ်။

တစ်ချိန်က လက်၃ချောင်းအတူထောင်၊ အတူဆန္ဒထွက်ပြဖူးခဲ့တဲ့ မော်ဒယ်တွေ၊ မင်းသား/မင်းသမီးတွေ၊ အနုပညာသမားတွေလို အနုပညာအလုပ်တွေ လုပ်ပြမှ ၊ ကြော်ငြာတွေရိုက်ပြမှ ထမင်းစားရမှာပါ ဆိုတဲ့ ဆင်ခြေတွေ Excuse တွေ သူမပေးဘူး။ အရောင်မပြောင်းဘူး၊

ခွမထိုင်ဘူး၊ သာမကူးဘူး၊ ရေပေါ်ဆီ ဖြစ်မသွားဘူး။ သူကတော့ အခြားသူတော့ မဟုတ်ပါဘူး။ ရေပေါ်ဆီ ပေါ်ပင်အနုပညာရှင်တွေကြားထဲမှာ ခင်ဗျားတို့ ကျုပ်တို့ အားပေးဖို့မေ့ကောင်း မေ့နေတဲ့ ပြည်သူ့မင်းသားခါရာ ပါပဲ

လက်ရှိမှာတော့ လွတ်မြောက်လုံခြုံတဲ့ နေရပ်တစ်ခုမှာ ကျန်းမာဘေးကင်းစွာနဲ့ နေထိုင်နေမယ်လို့ ယုံကြည်လျက်ပါပရိသတ်ပြည်သူ့ဘက်ကို ငဲ့ကြည့်ပြီး အဆုံးထိရပ်တည်ချက်ခိုင်မာပေးလို့လည်း ကျေးဇူးပါ ကိုခါရာ။ ဒီနေ့ကျရောက်တဲ့ မွေးနေ့မှာ ဘေးကင်းပျော်ရွှင်ပါစေ။