Cele News

ကိုရီးယားက ရန်ပုံငွေဖျော်ဖြေပွဲမှာ ပါဝင်အားဖြည့်ခဲ့ပြီး မြန်မာ့အရေးကို ကမ္ဘာက သိအောင်ချပြခဲ့တဲ့ အဆိုတော် ချမ်းချမ်း

ကိုရီးယားကရန်ပုံငွေဖျော်ဖြေပွဲမှာ ပါဝင်အားဖြည့်ခဲ့ပြီး မြန်မာ့အရေးကိုကမ္ဘာကသိအောင်ချပြခဲ့တဲ့အဆိုတော် ချမ်းချမ်း

ပရိသတ်ကြီးရေ အဆိုတော် ချမ်းချမ်းကတော့လူထုလှုပ်ရှားမှူကြီးမှာ ပြည်သူတွေကဘက်ကရပ်တည်ခဲ့ပြီး တော်လှန်ရေးကြီးမှာ တတ်တတ်ကြွကြွပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ အဆိုတော် ချမ်းချမ်းက တော်လှန်ရေးရန်ပုံငွေရရှိဖို့အတွက် ကမ္ဘာပတ်ပြီး ဖျော်ဖြေပွဲတွေ ကျင်းပပေးနေတာလည်းဖြစ်ပါတယ်။ချမ်းချမ်းကကျေးဇူးအထူးတင်ပါတယ်။

အနယ်နယ် အရပ်ရပ်ကနေတကူးတက လာအားပေးတဲ့ မြန်မာပရိတ်သတ်တယောက်ချင်းစီရော ပွဲမှာမြင်ဖူးပီးတော့မှ အားပေးလာတဲ့ ပရိတ်သတ် တယောက်ချင်းစီကိုလဲကျေးဇူးပါ။

မြန်မာ့အရေးကို ကမ္ဘာက ပိုသိအောင်ချပြပေးတဲ့ကိုးရီးယားရုပ်သံမီဒီယားအားလုံးကိုလဲကျေးဇူးတင်ပါတယ်။ ကြိုးစားရကြိုးတပ်ပါတယ်။ အစစအရာရာကူညီပံ့ပိုးပေးတဲ့ ကိုးရီးယားရောက်ရွှေမြန်မာတယောက်ချင်းစီကိုရော ပွဲစီစဉ်ပေးတဲ့ အဖွဲ့စည်းတစ်ခုချင်းစီကိုလဲကေးျဇူးတင်ပါတယ်။

ပျော်လွန်းလို့မျက်ရည်ကျမိတယ်။စင်မြင့်အနောက်ဘက်က LED ပိတကားပေါ်မှာမြန်မာအရေးကို slide show အနေနဲ့ချပြခွင့်ရဖို့ဖန်တီးပေးတဲ့ မြန်မာကျောင်းသူကျောင်းသား အဖွဲ့ ကိုလဲကျေးဇူးတင်ပါတယ်။

ဒီအချိန်မှာ ကျမထပ်မြန်မာ့ အရေးဟာပို အရေးကြီးပါတယ်။ ကျမတတ်နိုင်သမျှ ကြိုးစားချပြခွင့်ရလို့ကျေးဇူးတင်ပါတယ်။ကျမဘဝအတွက်သမိုင်းတခုရေးခဲ့ပီ MAMF Asian music festival ချန်းဝမ်မြို့ ကိုးရီယားနိုင်ငံဆိုပြိးပြောပြလာတာဖြစ်ပါတယ်။