Cele News

ယနေ့မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားသော သားဖြစ်သူအတွက် ဝမ်းနည်းငိုကြွေးနေတဲ့ အဆိုတော်တင်ဇာမော်

ယနေ့မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားသော သားဖြစ်သူအတွက် ဝမ်းနည်းငိုကြွေးနေတဲ့ အဆိုတော်တင်ဇာမော်

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့အဆိုတော်တင်ဇာမော်က ယနေ့မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားသော သားဖြစ်သူအတွက် ဝမ်းနည်းငိုကြွေးနေတဲ့ အကြောင်းကိုအခုလို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်နော်။

အဆိုတော်တင်ဇာမော်က သားလေး ဆုံးရှာပြီ၊ ဒီအမေ ကံဆိုးလိုက်တာ၊ သားလေး ကံဆိုးလိုက်တာ အသက် ၇နှစ်ပဲရှိသေးတယ်၊ အတူနေခဲ့ ချစ်ခဲ့ ပျော်ခဲ့ကြရတဲ့ အချိန်လေးတွေ ပဲ ရှိခဲ့ကြတယ်၊ ပြုစုမယ့် ချစ်မယ့် အမေ့လက်ထဲရောက်တာမှ လပိုင်းရှိသေးတယ်၊ ဒီနေ့ပဲ အစာထုတ်တွေ အီးပါဖို့အိတ်တွေ သွားထပ်ဝယ်ခဲ့တာလေ သားရယ်။

သန်းတွေများလာလို့ ဆေးမှာတာ ရောက်တဲ့ထိမစောင့်နိုင်တော့လို့ ဒီနေ့ပဲ Tesco ကပြေးဝယ်ပြီးဆေးထည့်ပေးခဲ့တာလေ သားရယ်၊ ကုပေးဖို့ သိလို့မရအောင်ကို ဘာလက္ခဏာမှ မပြတဲ့ နှလုံးရောဂါတဲ့လား၊ သားလေး ကောင်းရာသုဂတိ လားပါစေ ဆိုပြီးတော့သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

ကူးယူဖော်ပြခွင့်မပြု !!!

Zawgyi version




