Cele News

ချစ်ဇနီးလေးကိုယ်တိုင် လှူဒါန်းဆောက်လုပ်ထားတဲ့ ကျေးလက်တောရွာက စာကြည့်တိုက်လေးကိုကြည့်ပြီး ကြည်နူးပီတိဖြစ်နေတဲ့ လင်းလင်း

ချစ်ဇနီးလေးကိုယ်တိုင် လှူဒါန်းဆောက်လုပ်ထားတဲ့ ကျေးလက်တောရွာကစာကြည့်တိုက်လေးကိုကြည့်ပြီး ကြည်နူးပီတိဖြစ်နေတဲ့လင်းလင်း

ပြည်သူချစ်အနုပညာရှင်စုံတွဲဖြစ်တဲ့အဆိုတော်လင်းလင်းနဲ့ သရုပ်​ဆောင်ချစ်သုဝေတို့ကတော့အနုပညာနယ်ပယ်မှာအသီးသီးအောင်မြင်နေတဲ့သူတွေဖြစ်ပါတယ်။လင်းလင်းနဲ့ချစ်သုဝေကအမွှာပူးသမီးလေးနှစ်ယောက်နဲ့အတူပျော်ရွှင်စရာမိသားစုဘဝလေးကိုတည်ဆောက်ထားပါသေးတယ်ဒါအပြင်လင်းလင်းနဲ့ချစ်သုဝေကခေတ်သစ်ဖောင်ဒေးရှင်းကိုထူထောင်ထားပြီး လိုအပ်တဲ့နေရာတွေမှာလှူဒါန်းမှုတွေပြုလုပ်ပေးနေတာလည်းဖြစ်ပါတယ်။လင်းလင်းကတော့အနုပညာလှုပ်ရှားမှုလေးတွေနဲ့ခေတ်သစ်ဖောင်ဒေးရှင်းရဲ့လှုပ်ရှားမှုလေးတွေကိုပါအသိပေးမျှဝေတတ်ကြသလိုအခုတစ်ခါမှာလည်းကျေးလက်တောရွာလေးမှာစာကြည့်တိုက်လေးဆောက်လှူလှူဒါန်းခဲ့ပြန်ပါတယ်နော်။


လင်းလင်းတစ်ယောက်ချစ်ဇနီးလေးကိုယ်တိုင်လှူဒါန်းဆောက်လုပ်ထားတဲ့ကျေးလက်တောရွာကစာကြည့် တိုက်လေးကိုကြည့်ပြီးကြည်နူးပီတိဖြစ်နေပြီးစာကြည့်တိုက်လေးရဲ့ပုံရိပ်လေးတွေကိုလည်းဝေမျှထားပါသေးတယ်နော်။Trezaမွေးနေ့တုန်းကလှူဒါန်းခဲ့တဲ့ကုန်းမြင့်သာရွာကစာကြည့်တိုက်ကလေး ။Trezaမွေးနေ့တုန်းကကိုယ့်အားကိုယ်ကိုးပရဟိတကျောင်း ၁၂မိုင်၊ကုန်းမြင့်သာကျေးရွာကျောက်တံခါးမြို့နယ်မှာစာကြည့်တိုက်လေးလှူဒါန်းခဲ့ပါတယ်။ကလေးတွေပျော်စေဖို့ကာတွန်းလေးတွေနံရံပတ်လည်မှာဆွဲစေချင်ခဲ့တဲ့စိတ်ကူးလေးကိုဖြစ်အောင်လုပ်အားကူညီခဲ့တဲ့ကာတွန်းဆရာကိုသိန်းထွန်းဉီးကိုအင်မတန်ကျေးဇူးတင်ပါတယ်။ကာတွန်းဇာတ်ကောင်လေးတွေရေးဆွဲခွင့်ပေးတဲ့ဆရာကြီးများကိုလည်းဒီနေရာကကျေးဇူးတင်ကန်တော့ပါရစေ။


ကာတွန်းဆရာကြီးဦးတင်အောင်နီရဲ့ပြာဂလောင်ပြာလချောင်နှင့်သူငယ်ချင်းများကာတွန်း၊ဆရာကြီးဆွေမင်း(ဓနုဖြူ)ရဲ့မြိုင်ရာဇာတွတ်ပီ၊ဗိုက်ကလေး၊မသေးမျှင်ကာတွန်းဆရာကြီးဦးသစ်ထွဏ်းရဲ့မောင်တီထွင်နှင့်ဂြိုလ်သားလေးပီစိကွေးကာတွန်းပိုးဇာရဲ့မောင်မောင်ဇာ၊လေးမွန်၊ထွေးမွန်၊ရွှေအိ၊ရွှေဘုတ်ကာတွန်းမင်းဇော်ရဲ့ဘိုဘို၊အီးတီနှင့်သူငယ်ချင်းများအတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခေတ်သစ်စာကြည့်တိုက်လေးမှာကလေးတွေပျော်ရွှင်စွာပညာတွေရှာဖွေနိုင်ပါစေဆိုပြီးကျေးဇူးတင်စကားလေးနဲ့အတူဝေမျှထားတာပါနော်။


Zawgyi Version





Credit to Original