Cele News

မနေ့ညက အမြန်လမ်းမပေါ်မှာ အသက်ဆုံးရှုံးနိုင်ဖွယ် ဖြစ်ရပ်ကြီးနဲ့ ကြုံတွေ့ခဲ့ရတဲ့ ထွန်းထွန်း

မနေ့ညကအမြန်လမ်းမပေါ်မှာအသက်ဆုံးရှုံးနိုင်ဖွယ် ဖြစ်ရပ်ကြီးနဲ့ ကြုံတွေ့ခဲ့ရတဲ့ထွန်းထွန်း

အကယ်ဒမီထွန်းထွန်းဟာဇန်နဝါရီ ၉ရက်မနေ့ကညပိုင်းကအမြန်လမ်းမကြီးပေါ်မှာမထင်မှတ်ထားတဲ့အန္တရာယ်တစ်ခုနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ပါတယ်။အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးအကယ်ဒမီထွန်းထွန်းအားအကုန်သိသတင်းဌာနမှဆက်သွယ်ခဲ့ပေမယ့်ဆက်သွယ်လို့မရသေးတာကြောင့်မိတ္ထီလာမြို့မျိုးဆက်သစ်မြတ်ပါရမီလူမှုကူညီရေးအသင်းဖော်ပြချက်အတိုင်းရေးသားဖော်ပြလိုက်ပါတယ်။


ဇန်နဝါရီလ၉ရက်ည၁၀နာရီ မိနစ် ၃၀အချိန်ခန့်ကရန်ကုန်မြို့ဘက်မှမန္တလေးဘက်သို့အကယ်ဒမီထွန်းထွန်း မောင်းနှင်လာသောAlphard အဖြူရောင်ယာဥ်သည် အမြန်လမ်းမိုင်တိုင်(၂၂၆)အရောက်အတက်/အဆင်းနေရာမှာ(​ခန့်မှန်း)အရှည်၆ပေ၊အချင်း၅လက်မ/ ၆ လက်မခန့်ရှိတဲ့သစ်လုံးတစ်လုံးကြီးကိုအမြန်လမ်း လမ်းအလယ်မှာကန့်လန့်ပိတ်ထားတာကိုရုတ်တရက်တွေ့ရှိလိုက်ရတာကြောင့်ကီလို(၁၀၀)အရှိန်နဲ့မောင်းလာတဲ့ ထွန်းထွန်းကသစ်လုံးကိုရသလောက်ရှောင်တိန်းမောင်းခဲ့ရပြီးယာဉ်ရဲ့ဘယ်ဘက်ဘီး၊ကားဝမ်းဗိုက်တို့နှင့် တိုက်မိသဖြင့်ကားဘီးပေါက်၊ဂီယာဘောက်တိုက်/ကွဲကာကားအောက်ပိုင်းတစ်ခုလုံးသစ်လုံးနဲ့ပွတ်တိုက်မိခဲ့တယ်လို့သိရပါတယ်။


ထိုအချိန်ကားမရပ်ဘဲရှေ့ဘီးအပေါက်ဖြင့်လေးဖာလုံလောက်ဆက်မောင်းနှင်ပြီးမှကားရပ်ကာရှေ့ဘီးမြန်မြန်လဲပြီးကားဆက်မောင်းလာခဲ့ပါတယ်ကားပေါ်စီးနင်းလိုက်ပါလာတဲ့အမျိုးသား(၂)ယောက်လုံးဒဏ်ရာရရှိမှုမရှိခဲ့ပေမဲ့အမြန်လမ်းမိုင်တိုင်230အရောက်တွင်ကားမှာ မောင်းမရတော့ပဲစက်သေသွားခဲ့ပါသည်။

ည၁၀နာရီ၅၅မိနစ်မှထွန်းထွန်းတို့ကအမြန်လမ်းမျိုးဆက်သစ်မြတ်ပါရမီအသင်းကိုဆက်သွယ်အကူအညီတောင်းခံခဲ့ကြကာ၎င်းတို့မနက်အရေးကြီးအလုပ်ကိစ္စတစ်ခုရှိကြောင်းနှင့်လမ်းမှာ သစ်လုံးကိုအရှိန်ဖြင့်တက်နင်းမိကြောင်းဆက်သွယ်ခဲ့တာကြောင့်မျိုးဆက်သစ်မြတ်ပါရမီအသင်းမှအရေးပေါ် ကယ်ဆယ်ရေးယာဥ်တစ်စီးနဲ့အရေးပေါ် သွားရောက်ကူညီခဲ့ရတယ်လို့သိရပါတယ်။


မျိုးဆက်သစ်မြတ်ပါရမီအသင်းအနေနဲ့ည(၁၂)နာရီအချိန်မှာထွန်းထွန်းတို့ရှိရာအမြန်လမ်းမိုင်တိုင်(၂၃၀)သို့ရောက်ရှိခဲ့ကြပြီးမောင်းမရတော့တဲ့ယာဥ်ကိုကရိန်းဖြင့် ရွှေ့ပြောင်းသယ်ဆောင်ခဲ့ကာထွန်းထွန်းတို့အဖွဲ့ကိုတော့ကယ်ဆယ်ရေးယာဥ်ဖြင့်မန္တလေးသို့ပို့ဆောင်ကူညီပေးခဲ့တယ်လို့သိရပါတယ်။

Credit