Cele News

ခြိမ့်ကေကို အချုပ်မှလွတ်မြောက်ပြီဖြစ်ကြောင်း ပရိသတ်ကို အသိပေးပြောပြလာတဲ့ ဒိန်းဒေါင်

ခြိမ့်ကေကို အချုပ်မှလွတ်မြောက်ပြီဖြစ်ကြောင်း ပရိသတ်ကို အသိပေးပြောပြလာတဲ့ ဒိန်းဒေါင်

ပြည်သူချစ်ဟာသလူရွှင်တော်တစ်ယောက်ဖြစ်တဲ့ဒိန်းဒေါင်ကတော့ဟာသညဏ်ရွှင်ပြီးပရိသတ်တွေကိုရီမောပျော်ရွှင်အောင်လုပ်နိုင်သူတစ်ယောက်ပါ။ဟာသလူရွှင်တော်တစ်ယောက်အဖြစ်ဇာတ်သဘင်လောကအပြင်သရုပ်ဆောင်အဖြစ်လည်းဇာတ်ကားတွေများစွာရိုက်ကူးထားတဲ့ဒိန်းဒေါင်ကတော့အနုပညာလောကမှာလည်း ပရိသတ်အချစ်တွေနဲ့အတူအောင်မြင်မှုတွေ အခိုင်အမာရရှိထားသူပါ။


ဒီနေ့ညမှာဒိန်းဒေါင်ဟာအချုပ်ကျခံနေရတဲ့ခြိမ့်ကေကိုနဲ့ပတ်သက်ပြီးဝမ်းသာစကားလေးပြောပြလာတာပဲဖြစ်ပါတယ်။ခြိမ့်ကေကိုဟာမြစ်သားမြို့နယ်မှာကိုဗစ်ဥပဒေစည်ကမ်းချိုးဖောက်မှုနဲ့ အမှုဖွင့်ခံရပြီးနောက်တိမ်းရှောင်နေခဲ့ရာမှ ၂၀၂၁ ခုနှစ်ဇန်နဝါရီလ ၄ ရက်နေ့ကသက်ဆိုင်ရရဲစခန်းသို့သွားရောက်အဖမ်းခံခဲ့တာဖြစ်ပြီးအချုပ်ကျခဲ့တာဖြစ်ပါတယ်။ဒီနေ့ဇန်နဝါရီလ ၁၁ရက်ညပိုင်းမှာတော့လူရွှင်တော်သရုပ်ဆောင်ဒိန်းဒေါင်းက သူ့ရဲ့လူမှုကွန်ရက်မှတဆင့်ဌက်ပျောသီးအပြင်ပြန်ရောက်ပါပြီတာဝန်ရှိသူများအားလုံးကိုအထူးကျေးဇူးတင်ပါသည်ခင်ဗျာဆိုတဲ့စာသားရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။


ပရိသတ်ကြီးအတွက်အချုပ်ကနေလွတ်လာပြီဖြစ်တဲ့ခြိမ့်ကေကိုအကြောင်းလေးကိုဖော်ပြပေးလိုက်ပါတယ်နော်။ဖတ်ရှု့ပေးကြတဲ့ ပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်နော်။

Zawgyi version




Credit