Cele News

ဒလအမှိုက်ပုံမှာစွန့်ပစ်ခံရတဲ့သားလေးကို ကုန်းတစ်တန်ရေတစ်တန်နဲ့အောင်မြင်စွာသွားရောက်ခေါ်ဆောင်ခဲ့တဲ့ ခိုင်နှင်းဝေ

ဒလအမှိုက်ပုံမှာစွန့်ပစ်ခံရတဲ့သားလေးကိုကုန်းတစ်တန်ရေတစ်တန်နဲ့အောင်မြင်စွာသွားရောက်ခေါ်ဆောင်ခဲ့တဲ့ ခိုင်နှင်းဝေ


ပရိသတ်တွေချစ်ခင်အားပေးရတဲ့မင်းသမီးခိုင်နှင်းဝေကတော့ပရိဟိတလုပ်ငန်းတွေကိုကိုယ်ကြိုးစွန့်ပြီးဦးဆောင်လုပ်ကိုင်နေသူတစ်ယောက်ပါ။ခိုင်မိသားစုဂေဟာကိုထူထောင်ထားပြီးအကြောင်းအမျိုးမျိုးကြောင့်စွန့်ပစ်ခံနေရတဲ့မိဘမဲ့ကလေးတွေကိုကူညီစောင့်ရှောက်ပေးနေတာလည်းဖြစ်ပါတယ်။ခိုင်နှင်းဝေကတော့ဒီနေ့ဇန်နဝါရီလ(၁၅)ရက်နေ့မှာသူ့ရဲဂေဟာမှာ ၄၄ယောက်မြောက်အနေနဲ့မွေးစားမယ့်ကလေးငယ်ကိုသွားရောက်ခေါ်ဆောင်ခဲ့ပါတယ်။

ဒီနေ့မှာသွားရောက်ခေါ်ဆောင်ခဲ့တဲ့ခိုင်နှင်းဝေရဲ့ (၄၄)ယောက်မြောက်သားလေးကတော့ဒလအမှိုက်ပုံမှာချက်ကြိုးတန်းလန်းနဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရတာပဲဖြစ်ပါတယ်။ခိုင်နှင်းဝေကတော့ဒလအထိကုန်းတစ်တန်ရေတစ်တန်နဲ့ကိုကိုယ်တိုင်သွားရောက်ခေါ်ဆောင်လာခဲ့တာပဲဖြစ်ပါတယ်။

ကလေးရဲ့ကျန်းမာရေးနဲ့ပတ်သက်လို့လည်းကလေးကပေါင်မပြည့်ပဲတော်တော်လေးသေးနေပါတယ်ဆေးရုံပြပီးလိုအပ်တာများလုပ်ဆောင်ပေးရပါမယ်ဆိုပြီးတော့လည်းကလေးအတွက်လိုအပ်တာတွေလုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်းလည်းဖော်ပြထားခဲ့ပါသေးတယ်။

ပရိသတ်ကြီးရေခိုင်နှင်းဝေရဲ့လူမမယ်ကလေးတွေအပေါ်မှာမေတ္တာအပြည့်အဝနဲ့စောင့်ရှောက်ပေးတတ်တဲ့စိတ်ထားလေးကတော့တော်ရုံလူတွေမှာမရှိနိုင်တဲ့ပရဟိတစိတ်ဓာတ်ပြည့်ဝလွန်းလှတဲ့စိတ်ထားလေးပါပဲနော်။

Credit to Original