Cele News

ခိုင်ထူးသီချင်းတွေကို ဂစ်တာတစ်လက်နဲ့အမြဲဖျော်ဖြေခဲ့တဲ့ (၁၉) လမ်းဦးခိုင်ထူးအတွက် ဂစ်တာအသစ်တစ်လုံးနဲ့ အလှူငွေတွေလှူဒါန်းပေးခဲ့တဲ့ မိုးမိုး

ခိုင်ထူးသီချင်းတွေကို ဂစ်တာတစ်လက်နဲ့အမြဲဖျော်ဖြေခဲ့တဲ့ (၁၉) လမ်းဦးခိုင်ထူးအတွက် ဂစ်တာအသစ်တစ်လုံးနဲ့ အလှူငွေတွေလှူဒါန်းပေးခဲ့တဲ့ မိုးမိုး

တစ်ချိန်ကပရ်ိသတ်တွေအားပေးချစ်ခင်ရတဲ့အဆိုတော်မိုးမိုးကတော့ အမိုက်စားသီချင်းကောင်းတွေနဲ့ပရိသတ်ရင်ထဲရောက်အောင်သီဆိုနိုင်သူပါ။ဒီနေ့မှာတော့(၁၉)လမ်းဦးခိုင်ထူး(ခ)ဦးထွန်းရွှေရဲ့ခက်ခဲမှုတွေကိုမိုးမိုးကမြင်တွေ့ခဲ့ပြီးနောက် အလှူရှင်တွေကိုဖိတ်ခေါ်ကာကိုယ်တိုင်မတည်ပြီးအလှူငွေလှူဒါန်းဖို့စီစဉ်ခဲ့ပါတယ်။

(၁၉) လမ်းဖက်ရောက်ဖူးတဲ့သူတိုင်း ဂစ်တာတစ်လက်နဲ့ ခိုင်ထူးသီချင်းတွေကိုအမြဲတမ်း ဆိုတတ်တဲ့ (၁၉) လမ်းက ဦးခိုင်ထူးကို သိကြမှာပါ။ အဆိုလိုကပ်ရောဂါကာလမှာတော့ စားသောက်ဆိုင်တွေပိတ်ထားခဲ့တာကြောင့် ဝမ်းရေးအတွက်ရုန်းကန်ရာမှာ ခက်ခဲမှုတွေ ရှိလာခဲ့ပါတယ်။ နှစ်တွေအကြာကြီးဖျော်ဖြေခဲ့ပြီးနောက် လူတွေရဲ့အားပေးမှုကိုလည်း အခိုင်အမာရထားသူ တစ်ယောက်ပါ။

ပီတိဖြစ်စရာအလှူပုံရိပ်လေးတွေကို၁၉လမ်း ဦးခိုင်ထူး(ခ)ဦးထွန်းရွှေအတွက်တိုက်နှစ်လုံးဂစ်တာမှNG brand ဂစ်တာနဲ့ဆက်စပ်ပစ္စည်းလေးများအမည်မဖော်လိုသူတေးသံရှင်တစ်ဦးမှ (၂၀၀၀၀၀)မိုးမိုး fan groupအလှူရှင်များမှ (၁၀၀၀၀၀)ကိုမျိုးမင်းဝင်းမချိုဇင်လတ်မှ (၃၀၀၀၀)မဖြူဖြူမြင့်ကြည်မှ(၁၅၀၀၀)ဒီနေ့ ပေးအပ်လိုက်နိုင်ပါတယ်ခင်ဗျာသီချင်းများနဲ့ ဆက်လက်ပျံသန်းပါဦးဦးလေးရေပျော်ရွှင်ပါစေဗျာဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။

Credit