Cele News

ပြည်ပနိုင်ငံကသတင်းစာတွေထိ ဖော်ပြခံနေရတဲ့ချစ်သူရဲ့အောင်မြင်မှုတွေအတွက်ဂုဏ်ယူနေတဲ့ ပိုင်တံခွန်ရဲ့ကောင်မလေး

ပြည်ပနိုင်ငံကသတင်းစာတွေထိဖော်ပြခံနေရတဲ့ချစ်သူရဲ့အောင်မြင်မှုတွေအတွက်ဂုဏ်ယူနေတဲ့ပိုင်တံခွန်ရဲ့ကောင်မလေး

မော်ဒယ်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ပိုင်တံခွန်ကတော့ အမိုက်စားဘော်ဒီနဲ့ ဆံနွယ်ရှည်လေးတွေကြောင့်လည်းနှုတ်ခမ်းနီမလေးတွေကကြွေပြီးရင်းကြွေနေကြတာလည်းဖြစ်ပါတယ်။သူ့ရဲ့အောင်မြင်မှုတွေကမြန်မာနိုင်ငံတွင်သာမကဘဲပြည်ပနိုင်ငံများမှာတောင်ရေပန်းစားနေတာလည်းဖြစ်ပါတယ်။မနေ့ကလည်းလူမှုကွန်ယက်စာမျက်နှာများတွင်ပိုင်တံခွန်ရဲ့အကြောင်း အရာတွေဟာလူပြောအများဆုံးသတင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။


အရှေ့တောင်အာရှနိုင်ငံကြီးများကမိန်းကလေးပရိသတ်များကတောင်ပိုင်တံခွန်ရဲ့ပုံစံလေးကိုသဘောတွေကျပြီးအချိန်တိုအတွင်းနိုင်ငံတကာမှာနာမည်ကြီးလာတာလည်းဖြစ်ပါတယ်။အင်တာနေရှင်နယ်ကပရိသတ်တွေတိုးပွားလာတာကြောင့်လည်းအခြားဘာသာစကားတွေပါတတ်မြောက်ရန်လိုအပ်နေတယ်လို့လည်းပရိသတ်တစ်ချို့ကသုံးသပ်နေကြတာပဲဖြစ်ပါတယ်။ဒီသတင်းကြားကြားချင်းမှာဘဲပိုင်တံခွန်ကောင်မလေးရဲ့Instagram Story မှာပုံလေးတစ်ပုံတင်ထားတာပဲဖြစ်ပါတယ်။


ဒါကတော့ပြည်ပနိုင်ငံကသတင်းစာများမှာတောင်ဖော်ပြခြင်းခံနေရတဲ့ချစ်သူရဲ့အောင်မြင်မှုတွေအတွက်ကျေနပ်ဂုဏ်ယူနေတာပဲဖြစ်ပါတယ်။သူမကလည်း Today’s Singapore Newspaperဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။ အားလုံးလည်းသိရှိနိုင်အောင်ဒီသတင်းလေးကိုတစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပြီးပရိသတ်တွေလည်းပိုင်တံခွန်ရဲ့အောင်မြင်မှုတွေကိုဒီ့ထက်မကပိုမိုများပြားလာအောင်ဆုတောင်းပေးကြပါဦးနော်။

Zawgyi Version





Credit