Cele News
ခွေးစာတွေကို ငိုပြီးစားနေတဲ့အဘိုးအိုရဲ့ ဗီဒီယိုကိုမြင်ပြီး သွားရောက်လှူဒါန်းခဲ့တဲ့ Sinon
ခွေးစာတွေကို ငိုပြီးစားနေတဲ့အဘိုးအိုရဲဗီဒီယိုကိုမြင်ပြီး သွားရောက်လှူဒါန်းခဲ့တဲ့ Sinon
ဖိလစ်ပိုင်နိုင်ငံကCat Walk king လိုနာမည်ကြီးလူသိများတဲ့ဇီနွန်ကတော့မြန်မာနိုင်ငံကိုရောက်တာတစ်နှစ်ကျော်ကြာပြီဘဲဖြစ်ပါတယ်။စရောက်ကတည်းက အနုပညာအလုပ်တွေအပြင်ပရဟိတလုပ်ငန်းတွေကိုလည်းဆက်တိုက်လုပ်နေသူတစ်ယောက်ပါ။လတ်တလောမှာတော့အွန်လိုင်းပေါ်မှာခွေးစားတွေစားပြီးငိုနေတဲ့အဘိုးအိုတစ်ယောက်ရဲ့ဗီဒီယိုကိုမြင်ပြီးအဲ့ဒီအဘိုးအိုရဲလိပ်စာကိုစုံစမ်းကာသွားရောက်လှူဒါန်းခဲ့တယ်လို့သိရပါတယ်။
ကျွန်တော်ဒီအဘိုးအိုခွေးတေကလေးတွေကျွေးတဲ့အစာကိုငိုပြီးစားနေတဲ့Videoကိုကြည့်ပြီးတော်တော်လေးစိတ်မကောင်းဖြစ်မိပါတယ်အရမ်းဝမ်းနည်းမိတယ်။ဘဝတွေကအချို့လူတွေအတွက်အရမ်းကြမ်းတမ်းတယ်ဒါနဲ့ကျွန်တော်သူ့ကိုသွားအကူအညီပေးဖို့သူ့အိမ်ကိုစုံစမ်းပြီးသွားခဲ့ပါတယ်ဆိုတဲ့စာသားလေးနဲ့အတူ သွားရောက်လှူဒါန်းခဲ့တဲ့ပုံရိပ်လေးတွေကိုသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာဖော်ပြခဲ့ပါတယ်။ဒါပေမယ့်အဘိုးကအပြင်ထွက်ပြီးအလှူခံနေတဲ့အတွက်မတွေ့ခဲ့ရပေမယ့်သူ့ရဲ့အဖေနဲ့အမေနဲ့ သူ့အမျိုးတွေနဲ့တော့တွေ့ခဲ့ရပါတယ်တဲ့။
Sinonကသူတို့ကိုတတ်နိုင်သလောက်ထောက်ပံ့မှုလေးတွေနဲ့ကူညီခဲ့ပါတယ်။သူ့အစ်ကိုတစ်ယောက်ကအရင်ကစစ်ပွဲကြောင့်ခြေထောက်တစ်ဖက်မရှိတော့တာကိုမြင်တွေ့ခဲ့ရပြီး ကျွန်တော်သူတို့နဲ့တွေ့ပီးကူညီခွင့်ရတာအရမ်းပျော်တယ်ကျေးဇူးပြုပီးဒီလိုလူမျိုးတွေကို တတ်နိုင်သလောက်လေးကူညီပေးကြပါအချစ်တွေဝေမျှနိုင်ကြပါစေလို့လည်းရေးသားဖော်ပြခဲ့ပါတယ်။
Zawgyi Version
Credit