Cele News

ကမ္ဘာ့ချန်ပီယံမဖြစ်ခဲ့ပေမယ့် အကောင်းဆုံး ယှဉ်ပြိုင်ခဲ့တဲ့ Burmese Ghouls 

ကမ္ဘာ့ချန်ပီယံမဖြစ်ခဲ့ပေမယ့် အကောင်းဆုံး ယှဉ်ပြိုင်ခဲ့တဲ့ Burmese Ghouls

Mobile Legend Bang Bang ကပြုလုပ်နေတဲ့ M2 World Championship ဂိမ်းပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု Burmese Ghouls အသင်းကဖိလစ်ပိုင်အသင်းကိုဗိုလ်လုပွဲမှာရှုံးနိမ့်ခဲ့ပြီးဒုတိယဆုကိုရရှိခဲ့ပါတယ်။

ဒီနေ့ ဇန်နဝါရီလ(၂၄)ရက်နေ့ ညပိုင်းကျင်းပခဲ့တဲ့ ဗိုလ်လုပွဲမှာဖိလစ်ပိုင်ကိုယ်စားပြု Bren Esports အသင်းနဲ့ Burmese Ghouls အသင်းတို့ဟာယှဉ်ပြိုင်ရမယ့်(၇)ပွဲမှာဖိလစ်ပိုင်က(၄)ပွဲအနိုင်ရရှိခဲ့ပြီးမြန်မာအသင်းက(၃)ပွဲပဲအနိုင်ရရှိခဲ့တာပါ။


Bren Esporst ဟာမြန်မာကိုအရင်ပွဲတုန်းက ရှုံးနိမ့်ခဲ့ပြီး Upper Bracket ကနေ Lower Bracketကိုဆင်းခဲ့ရပါသေးတယ်။အဲဒီနောက် Bren Esportsအသင်းဟာမြန်မာအသင်းကိုပဲရှုံးနိမ့်ပြီးအောက်ဆင်းလာတဲ့အင်ဒိုနီးရှားက RRQ အသင်းကိုအနိုင်ရပြီးဒီနေ့မြန်မာအသင်းနဲ့ ပြန်တွေ့ခဲ့တာဖြစ်ပါတယ်။

Burmese Ghouls အသင်းဟာ M1 World Championship မှာတုန်းက အဆင့်လေးနဲ့ပဲ ကျေနပ်ခဲ့ရပြီး အခုပွဲဟာ ပထမဆုံးအကြိမ်အဖြစ် ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။M2 World Championshipပွဲစဉ်တွေကိုတော့ဇန်နဝါရီလ(၁၈) ရက်နေ့ကစလို့စင်ကာပူနိုင်ငံမှာကျင်းပနေတာဖြစ်ပြီး ဆုတန်ကြေးတွေကတော့အမေရိကန်ဒေါ်လာ (၃) သိန်း ဖြစ်တယ်လို့သိရပါတယ်။


မြန်မာနိုင်ငံကိုယ်စားပြုဝင်ပြိုင်တဲ့ Burmese Ghouls အသင်းဝင် ACE ဟာ M2 World Championship ရဲ့ Paquito Challenge 1 vs 1 Solo ရဲ့Championဆုကိုလည်းရထားပါတယ်။