Cele News

နန်းတော်ကြီးတမျှခမ်းနားကျယ်ဝန်းလှပလွန်းသော သူမနေထိုင်တဲ့ ငါးထပ်ခွဲတိုက်အိမ်ကြီးကို ထုတ်ဖော်ပြသလိုက်တဲ့ ပန်းရောင်ခြယ်

နန်းတော်ကြီးတမျှခမ်းနားကျယ်ဝန်းလှပလွန်းသော သူမနေထိုင်တဲ့ငါးထပ်ခွဲတိုက်အိမ်ကြီးကိုထုတ်ဖော်ပြသလိုက်တဲ့ပန်းရောင်ခြယ်

ဝါရင့်အဆိုတော်ဂရေဟမ်ရဲ့အနုပညာအမွေကိုဆက်ခံရရှိထားတဲ့ အဆိုတော်မလေးပန်းရောင်ခြယ်ကတော့ အသံချိုချိုလေးနဲ့သီချင်းကောင်းလေးတွေကိုပရိသတ်ရင်ထဲရောက်အောင်သီဆိုနိုင်သူပါ။ဒီနေ့မှာတော့ပန်းရောက်ခြယ်ကနန်းတော်ကြီးတမျှခမ်းနားကျယ်ဝန်းလှပလွန်းသောသူမတို့မိသားစုနေထိုင်တဲ့ငါးထပ်ခွဲတိုက်အိမ်ကြီးကိုထုတ်ဖော်ပြသလိုက်တာပဲဖြစ်ပါတယ်။

သူမကလည်းပန်း​ရောင်ရဲ့private accountမှာmemoryလေးပြန်တက်လာလို့။ဒီအိမ်​လေးMummy ဆောက်လို့ပြီးတာ၅နှစ်ရှိပြီ။Mummy ကengineeringတို့architectureတို့နဲ့ကျောင်းပြီးတာမဟုတ်တဲ့အတွက်ဒီပညာကိုတတ်ကျွမ်းလို့လုပ်တာမဟုတ်ပဲမိသားစုအတွက်businessတစ်ခုဖြစ်အောင်ဆိုပြီးငယ်ငယ်ထဲကတတ်သလောက်လေးနဲ့စလုပ်ခဲ့တယ်၊


အမြဲလေ့လာတယ်၊ကိုယ်တိုင်လည်းအရမ်း creativeဖြစ်တယ်။ပန်း​ရောင်တို့သားအဖသုံး​ယောက်ကအနုပညာအလုပ်ကိုပဲချစ်ပြီးအားသန်တာ၊စီးပွား​ရေးပိုင်းကိုအားမသန်ကြဘူး။မိသားစုထဲမှာMummyက business mindsetအရမ်းရှိလို့​တော်​သေးတယ်ဟီး။Daddyနဲ့အိမ်​ထောင်ကျ​ပြီးပန်းရောင်ကိုမွေးတဲ့အချိန်အထိ၂ယောက်လုံးကတက္ကသိုလ်​ကျောင်းသူကျေင်းသားဘဝပဲရှိ​သေးတယ်။Daddy ကဒရမ်တီးပြီးမိသားစုအတွက်ပိုက်ဆံရှာပေးတယ်Mummyကလဲမလိုတာမသုံးပဲရှိတဲ့ပိုက်ဆံလေးတွေကိုစနစ်တကျသုံးတယ်။၂ယောက်သားငယ်ငယ်ထဲကအတူဘဝကိုကြိုးစားရုန်းကန်ရင်းဖြတ်သန်းလာခဲ့တယ်။Daddyအဆိုတော်ဖြစ်ပြီးနောက်ရှိုးပွဲတွေဆိုအခွေရောင်းလို့ရလာတဲ့ငွေတွေကိုသူ့အတွက်ပိုက်ဆံအိတ်၊စိန်​ရွှေရတနာမဝယ်ဘဲဘိလပ်​မြေတို့အုတ်တို့ပဲဝယ်ခဲ့တယ်။

Daddy ရှာလို့ရလာတဲ့အနုပညာ​ကြေး​တွေစုပြီး Mummy ကမြေကွက်အလွတ်​လေး​တွေဝယ်လိုက်၊အိမ်ဒီဇိုင်းအပြင်​ရောအတွင်းရောစဥ်းစား၊အခန်းဖွဲ့စည်းပုံ၊နံရံကပ်wallpaperမျက်နှာကြက်ဒီဇိုင်း၊ပန်းရောင်တို့အတွက်ဆိုဗီရိုမှန်တင်ခုံကပါအစကိုယ်တိုင်ဒီဇိုင်းစဥ်းစားပြီးဖန်တီး​ပေးတယ်။နေ့တိုင်းဆိုက်ထဲဆင်းတယ်၊ဆောက်လို့ပြီးပြီဆိုအဲ့ခြံနဲ့အိမ်ကို​ရောင်းလိုက်၊ပြီးရင်​နောက်တစ်ခြံဝယ်လိုက်၊ဆောက်လိုက်ရောင်းလိုက်အဲ့လိုမျိုးစီးပွားရှာခဲ့တယ်။အဲ့ဒါတင်မဟုတ်ဘူးDaddy ရဲ့အ​ခွေထုတ်လုပ်​ရေးအပိုင်းမှာလဲအ​ခွေ promotion ဘယ်လိုလုပ်မယ်၊valentine albumဆိုရင်အခွေထဲမှာ postcardလက်​ဆောင်​လေး​တွေဘယ်လိုထည့်​ပေးမယ်၊


အခွေအတွက်တီဗွီကြော်ငြာဆက််လဲဒါရိုက်တာဦးပီတာ၊ ဦးမီးပွားတို့နဲ့အတူသူeditထိုင်ဆက်တယ်၊ album cover photoshoot မှာDaddyနဲ့အတူရိုက်မယ့်မင်းသမီးဝတ်ဖို့ဝတ်စုံကအစသူစဥ်းစားစီစဥ်ပေးတယ်။အရမ်းထက်မြတ်ပြီးမိသားစုကိုလဲအရမ်းချစ်တဲ့သူတစ်ယောက်။ပန်းရောင်တို့အတွက်ဒီအိမ်လေးဆောက်တဲ့အချိန်၁နှစ်နဲ့၈လအတွင်း၅ထပ်ခွဲကိုသူနေ့တိုင်းတက်လိုက်ဆင်းလိုက်နဲ့ဒူး​ခေါင်းအရွတ်ပါပါးသွားရှာတယ်။ငယ်ငယ်ထဲကပန်းရောင်တို့အိမ်ကိုဧည့်သည်လာပြီဆိုရင်မသဉ္ဇာဆောက်ထားတဲ့အိမ်လေးကလှလိုက်တာဆိုပြီးအမြဲကြားရတယ်။အိမ်လှလှလေးတွေနဲ့နေခွင့်ရလို့ကိုယ့်ကိုယ်ကိုအရမ်းကံကောင်းတယ်လို့ထင်မိတယ်။ပန်း​ရောင်အမြဲ​တွေးမိတယ်၊အကယ်၍ပန်း​ရောင်အိမ်​ထောင်ပြုခဲ့သည်ရှိ​သော်၊Mummyလိုဇနီး​ကောင်းမိခင်​ကောင်းဖြစ်နိုင်ပါ့မလားပေါ့။

ကိုယ်ရဲ့အချိန်၊အသိပညာအတတ်ပညာနဲ့မေတ္တာတွေ​ပေးပြီးယောကျာ်းနဲ့က​လေး​တွေကိုကျန်းမာ​ပျော်ရွှင်​အောင်ထားနိုင်ဖို့၊ကိုယ့်အလှည့်ကျရင်အဲ့လို​ပေးဆပ်နိုင်ပါ့မလား​တွေးမိတယ်။ပန်း​ရောင်တို့သုံး​ယောက်ရဲဘဝအတွက်Mummy ကတန်ဖိုးမဖြတ်နိုင်တဲ့သူတစ်​ယောက်ဒီလိုမိခင်မျိုးရဲ့သမီးဖြစ်ရတာအရမ်းဂုဏ်ယူတယ်။မိဘရဲကျေးဇူးနဲ့​မေတ္တာက​တော့ဘယ်တော့မှဆပ်လို့ကုန်မှာမဟုတ်ဘူး။အတူရှိနေတဲ့အချိန်​တွေကိုအမြဲတန်ဖိုးထားဖို့ကြိုးစားရင်းဆိုပြီးရေးသားထားတာပဲဖြစ်ပြီးပရိသတ်တွေအတွက်ဒီသတင်းလေကိုတစ်ဆင့်ပြန်လည်ကူးယူတင်ဆပ်ပေးလိုက်ရပါတယ်နော်။

Credit