Cele News

ဆွဲဆောင်မှုအပြည့်နဲ့ အလှဆုံးဖြစ်နေတဲ့ အိချောပိုနဲ့ ကြော်ငြာရိုက်ကွင်းပေါ်က အခိုက်အတံ့လေးကို မျှဝေပေးလာတဲ့ ပိုင်တံခွန်

ဆွဲဆောင်မှုအပြည့်နဲ့အလှဆုံးဖြစ်နေတဲ့ အိချောပိုနဲ့ ကြော်ငြာရိုက်ကွင်းပေါ်ကအခိုက်အတံ့လေးကိုမျှဝေပေးလာတဲ့ ပိုင်တံခွန်

လတ်တလောမှာနိုင်ငံတကာထိအောင်မြင်နေတဲ့မင်းသားတစ်ယောက်ဖြစ်တဲ့ပိုင်တံခွန်ကတော့တောင့်တင်းတဲ့ဘော်ဒီနဲ့ဆွဲဆောင်မှုရှိတာကြောင့်နှာခမ်းနီမလေးတွေအသည်းစွဲအားပေးနေရတာလည်းဖြစ်ပါတယ်။အောင်မြင်နေတဲ့သူတစ်ယောက်ဖြစ်ပေမယ့်ပိုင်တံခွန်ကတော့ကိုယ့်ကိုကိုယ်နှိမ့်ချပြီးနေတတ်သူတစ်ယောက်ဖြစ်တာကြောင့်အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးက လေးစားချစ်ခင်နေရသူတစ်ယောက်ဖြစ်ပါတယ်။ပိုင်တံခွန်ကလည်းသူ့ထက်ဝါရင့်၊သမ္ဘာရင့်တဲ့စီနီယာအနုပညာရှင်တွေအပေါ်လေးစားမှုရှိသလိုသူနဲ့တန်းတူအနုပညာရှင်တွေကိုလည်းနွေးထွေးစွာဆက်ဆံတတ်သူတစ်ယောက်ဖြစ်ပါတယ်။


အောင်မြင်မှုအရှိန်အဟုန်ကောင်းနေတဲ့ အနုပညာရှင်တစ်ယောက်ပီပီအနုပညာအလုပ်တွေကိုဆက်တိုက်ဆိုသလိုလုပ်ကိုင်နေရတဲ့ ပိုင်တံခွန်ကဒီကနေ့မှာလည်းမင်းသမီးချောအိချောပိုနဲ့အတူတူကြော်ငြာလေးတစ်ခုရိုက်ကူးပေးနေတာကိုတွေ့ရပါတယ်။ပိုင်တံခွန်ကဆွဲဆောင်မှုအပြည့်နဲ့အလှဆုံးဖြစ်နေတဲ့အိချောပိုနဲ့အတူတူ ရိုက်ကွင်းပေါ်ကအခိုက်အတံ့လေးကိုသူ့ရဲဖေ့စ်ဘုတ်စာမျက်နှာကနေအခုလိုပဲမျှဝေပေးလာခဲ့ပါတယ်။

ပိုင်တံခွန်ကတော့အလှဆုံးမင်းသမီးတွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့အိချောပိုနဲ့ကြော်ငြာလေးတစ်ခုမှာလိုက်ဖက်ညီညီသရုပ်ဆောင်ပေးထားတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးလည်းအိချောပိုနဲ့ ပိုင်တံခွန်ရဲ့ကြော်ငြာလေးထွက်ရှိလို့လာရင်အားပေးပေးကြပါဦးနော်။ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးသာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။

Video ကြည့်ရန်

Zawgyi Version





Credit