Cele News

ချန်ပီယံပြန်လည်စိန်ခေါ်နိုင်ဖို့ ရုရှားနိုင်ငံသား ဘစ်ဒက်ရှ်နဲ့ မကျေပွဲထိုးသတ်မယ့်နေ့ရက်ကိုအသိပေးလာတဲ့ အောင်လအန်ဆန်း

ချန်ပီယံပြန်လည်စိန်ခေါ်နိုင်ဖို့ရုရှားနိုင်ငံသားဘစ်ဒက်ရှ်နဲ့မကျေပွဲထိုးသတ်မယ့်နေ့ရက်ကိုအသိပေးလာတဲ့ အောင်လအန်ဆန်း

အောင်လအန်ဆန်ဟာပြိုင်ဘက်ဗစ်တာလီဗစ်ဒက်ရှ်နဲ့လာမဲ့ဧပြီလထဲမှာထိုးသတ်ဖို့ရှိနေကြောင်း သိရပါတယ်။ကျင်းပဖို့ရှိတဲ့ONE Championshipပြိုင်ပွဲတွေရဲ့တွဲဆိုင်းတွေကိုဖေ့ဘွတ်စ်စာမျက်နှာမှာဇန်နဝါရီလ၂၈ရက်ဒီကနေ့မှာတရားဝင်ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။ပြိုင်ပွဲတွေကိုတော့စင်ကာပူနိုင်ငံမှာကျင်းပသွားမှာဖြစ်ပြီးအဲဒီတွဲဆိုင်းတွေမှာတော့မစ်ဒယ်ဝိတ်တန်းပြိုင်ပွဲဖြစ်တဲ့မြန်မာMMAကစားသမား အောင်လအန်ဆန်နဲ့ ရုရှားနိုင်ငံသားဗစ်တာလီဘစ်ဒက်ရှ်တို့ရဲ့တွဲဆိုင်းပါဝင်လာခဲ့ပြီးသူတို့နှစ်ဉီးရဲ့ပွဲစဉ်ကိုဧပြီလ၂၁ရက်နေ့မှာကျင်းပသွားဖို့လျာထားကြောင်းသိရပါတယ်။


အောင်လအန်ဆန်နဲ့ဘစ်ဒက်ရှ်တို့ဟာ၂၀၁၇ခုနှစ်ထဲမှာ ၂ကြိမ်တွေ့ဆုံထားဖူးပြီးအင်ဒိုနီးရှားနိုင်ငံဂျာကာတာမှာကျင်းပခဲ့တဲ့ပွဲမှာတော့ဘစ်ဒက်ရှ်ကအမှတ်နဲ့နိုင်ခဲ့သလိုရန်ကုန်မြို့မှာဒုတိယအကြိမ်တွေ့ဆုံရာမှာတော့အောင်လအန်ဆန်ကအမှတ်နဲ့ပဲပြန်လည်အနိုင်ရထားခဲ့တာဖြစ်ပါတယ်။အသက်၃၆နှစ်ရှိပြီဖြစ်တဲ့မြန်မာ့စပါးအုံးလို့နာမည်ကြီးပြီးမြန်မာပရိသတ်တွေရဲ့အသည်းကျော်ဖြစ်တဲ့ကချင်တိုင်းရင်းသားအောင်လအန်ဆန်ဟာMMA ပြိုင်ပွဲပေါင်း၃၇ပွဲကစားထားပြီး၂၆ပွဲနိုင်၁၁ပွဲရှုံးရလဒ်ထွက်ပေါ်ထားသလို

၂၀၂၀ခုနှစ်အောက်တိုဘာလ၃၀ရက်နေ့ကစင်ကာပူနိုင်ငံမှာထိုးသတ်ခဲ့တဲ့မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲမှာတော့နယ်သာလန်နိုင်ငံသားဒီရစ်ဒါကိုဒိုင်ပွဲရပ်နဲ့ရှုံးနိမ့်ခဲ့လို့အောင်လအန်ဆန်ရဲ့၇ပွဲဆက်အနိုင်ရရှိမှုရပ်တန့်ခဲ့သလိုမစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ဆုံးရှုံးထားတာလည်းဖြစ်ပါတယ်။၂၀၂၁ခုနှစ်ထဲမှာပထမဆုံးယှဉ်ပြိုင်ထိုးသတ်ဖို့ရှိတဲ့အောင်လအန်ဆန်ရဲ့အခုပွဲစဉ်ဟာဗစ်တာလီဘစ်ဒက်ရှ်နဲ့တတိယအကြိမ်တွေ့ဆုံမှုဖြစ်သလိုနိုင်ပွဲတစ်ပွဲအဖြစ်ပြန်လည်စတင်နိုင်မလားဆိုတာစောင့်ကြည့်သွားရမှာလည်းဖြစ်ပါတယ်။


Zawgyi Version

က်င္းပဖို႔ရွိတဲ့ONE Championship ၿပိဳင္ပြဲေတြရဲ႕တြဲဆိုင္းေတြကို ေဖ့ဘြတ္စ္စာမ်က္ႏွာမွာဇန္နဝါရီလ၂၈ရက္ဒီကေန႕မွာတရားဝင္ထုတ္ျပန္ခဲ့တာေတြ႕ရပါတယ္။ၿပိဳင္ပြဲေတြကိုေတာ့စင္ကာပူနိုင္ငံမွာက်င္းပသြားမွာျဖစ္ၿပီးအဲဒီတြဲဆိုင္းေတြမွာေတာ့မစ္ဒယ္ဝိတ္တန္းၿပိဳင္ပြဲျဖစ္တဲ့ျမန္မာ MMAကစားသမား ေအာင္လအန္ဆန္နဲ႕ ႐ုရွားနိုင္ငံသားဗစ္တာလီဘစ္ဒက္ရွ္တို႔ရဲ႕တြဲဆိုင္းပါဝင္လာခဲ့ၿပီးသူတို႔ ႏွစ္ဉီးရဲ႕ပြဲစဥ္ကိုဧၿပီလ ၂၁ ရက္ေန႕မွာက်င္းပသြားဖို႔ လ်ာထားေၾကာင္းသိရပါတယ္။

၂၀၂၀ ခုႏွစ္ေအာက္တိုဘာလ ၃၀ ရက္ေန႕ကစင္ကာပူနိုင္ငံမွာထိုးသတ္ခဲ့တဲ့မစ္ဒယ္ဝိတ္တန္းကမၻာ့ခ်န္ပီယံစိန္ေခၚပြဲမွာေတာ့နယ္သာလန္နိုင္ငံသားဒီရစ္ဒါကိုဒိုင္ပြဲရပ္နဲ႕ရႈံးနိမ့္ခဲ့လို႔ေအာင္လအန္ဆန္ရဲ႕၇ ပြဲဆက္အနိုင္ရရွိမႈရပ္တန႔္ခဲ့သလို မစ္ဒယ္ဝိတ္တန္းခ်န္ပီယံခါးပတ္ဆုံးရႈံးထားတာလည္းျဖစ္ပါတယ္။

Credit